Monday, March 03, 2014

ရခိုင်ပြည်နယ်ကလွဲရင် MSF ဆက်လက်ဆေးကုသခွင့်ရ



နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို မြန်မာအစိုးရက မြန်မာနိုင်ငံမှာ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပေမယ့် အခုအခါမှာ ရခိုင်ပြည်နယ်ကလွဲပြီး တခြားနေရာမှာ ပြန်လည်လုပ်ခွင့်ပေးလိုက်ပါပြီ။ 
နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ဆန္ဒပြနေကြတဲ့ ရခိုင်ဒေသခံများ MSF ရဲ့ မြန်မာပြည်လုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက နှစ်ရက်ကြာ ရပ်ဆိုင်းလိုက်ရာကနေ အခုအခါ ပြန်လည်လုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဒဏ်ရာရရှိသူ လူအယောက် ၂၀ ကျော်ကို ဆေးကုသမှုပေးခဲ့ရတယ်လို့ MSF က မှားယွင်းစွာပြောဆိုမှုတွေ၊ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာ တွေကို
ဆေးကုသမှု ပေးရာမှာလည်း မျက်နှာလိုက်မှုတွေ လုပ်တယ်လို့ စွပ်စွဲခံရပြီးနောက် မြန်မာနိုင်ငံမှာ အလုပ် လုပ်ခွင့် ခေတ္တ ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

MSF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလောလောဆယ် မြန်မာနိုင်ငံက တီဘီရောဂါဝေဒနာသည်နဲ့ AIDS ရောဂါသည်အယောက်ပေါင်း သုံးသောင်းသုံးထောင်ကျော်ကို ဆေးကုသမှု ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List