Monday, September 02, 2019

Myanmar sat -2 ဆက်သွယ်ရေး ဂြိုလ်တု အောက်တိုဘာ ၁၅ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေကပြော


Image may contain: 3 people, people sitting, table and indoorImage may contain: outdoor
နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် Myanmar sat -2 ဆက်သွယ်ရေးဂြိုလ်တု အောက်တိုဘာ ၁၅ ရက်တွင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အကောင်အထည်ဖော်ရန် အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒုတိ ယ အဆင့်အဖြစ် အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အာကာသသို့ လွှတ်တင်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လလယ်ခန့်၌ နည်းပညာသစ်များဖြင့် စတင်အသုံးပြုနိုင်ရန် လျာထားဆောင်ရွက်ခဲ့သော်လည်း စိတ်ချသေချာစေရန် အကြိမ်ကြိမ် စိစစ်ဆောင်ရွက်ခဲ့ခြင်း၊ အတူတကွ လွှတ်တင်မည့် အခြားအဖွဲ့အစည်းပိုင်ဂြိုဟ်တုများ အဆင်သင့် ဖြစ်မှုနှောင့်နှေးခဲ့ခြင်း စသည့်အကြောင်းများကြောင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၇ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီ အချိန်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အာကာသပတ်လမ်းတွင် ရောက်ရှိနေပြီဖြစ်သည့် အဆိုပါ ဂြိုဟ်တုကို လိုအပ်သည့် စမ်း သပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစောဆုံး စတင်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြောသည်။
 Image may contain: sky, cloud and outdoor

No comments:

Post a Comment

My Blog List