Wednesday, September 04, 2019

ဗစ်တိုးရီးယားအမှုအား စစ်ဆေးနေသည့် ဒုခရိုင်တရားသူကြီး ကွယ်လွန်


Image may contain: 1 person, sitting and indoor
နေပြည်တော် မူလတန်းကြိုကျောင်းမှ လိင်အကြမ်းဖက်ခံရသည့် ဗစ်တိုးရီးယားအမှုအား ပါဝင်စစ်ဆေးနေသည့် ဒုတိယ ခရိုင်တရားသူကြီး ဦးညိုဌေးသည် ယနေ့တွင် ကွယ်လွန်သွားကြောင်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်။

ဦးညိုဌေးသည် ကျန်းမာရေးအခြေအနေ မကောင်းသဖြင့် မန္တလေး၌ ဆေးရုံတက် ကုသမှုခံယူနေသဖြင့် ဗစ်တိုးရီးယား အမှုအား (၄) ကြိမ်မြောက် ရုံးချိန်းအထိသာ တက်ရောက် စစ်ဆေးနိုင်ခဲ့ပြီး (၅)ကြိမ်မြောက် ဗစ်တိုးရီးယားအမှု ရုံးချိန်းတွင် ၎င်းအစား တရားသူကြီး ဒေါ်သီတာနွယ်က လွှဲပြောင်းကြားနာခဲ့ခြင်း ဖြစ်သည်။

သတင်း၊ဓာတ်ပုံ - နန္ဒာ

No comments:

Post a Comment

My Blog List