Monday, September 02, 2019

(၇)ကြိမ်မြောက် အောင်ဘာလေသိန်း ၁၅၀၀၀ ဆုကို မော်လမြိုင်မြို့ ငန်းတေးရပ် အထက ခွဲကျောင်းမှ ညစောင့်လုပ်သားတစ်ဦး ဆွတ်ခူး


(၇)ကြိမ်မြောက် အောင်ဘာလေသိန်း ၁၅၀၀၀ ဆုကို မော်လမြိုင်မြို့ ငန်းတေးရပ်ရှိ အထက ခွဲကျောင်းမှညစောင့် ကိုကျော်မျိုးဝင်း (ခ)အုန်းသီး(၃၈ နှစ်)က ဆွတ်ခူးခဲ့ကြောင်း သိရသည်။

“ကုသိုလ်ကံကြောင့် ပေါက်တာဖြစ်တယ်။ မြို့နယ်ပညာရေးမှူးက ဆရာမတစ်ယောက်စီမှာ ထိုးတာပါ။ လတိုင်းထိုးပါတယ်။ ထီဖိုးတော့ ပေးပြီးပါပြီ။ ပထမဆုံး လုပ်ဖို့စိတ်ကူးကတော့ ဒီကျောင်းမှာ ဟောဆောင်တစ် ခုလိုတယ်။ အဲဒါကို လှူဖို့ရှိပါတယ်။ အဲဒီစိတ်ကူးက ဟောပြောပွဲလုပ်ရင် ဟောခန်းမရှိတော့ အခန်းတွက် ခုံ၊စားပွဲတွေ ရွှေ့နေရတော့ ထီပေါက်ရင် ဟောခန်းတစ်ခု လှူမယ်လို့ ထီမပေါက်ခင်ကတည်းက ဆရာမတွေကို ပြောထားပါတယ်။ ထီပေါက်ပြီးတော့လည်း အလုပ်မထွက်ပါဘူး။ အားရင် ဆိုင်ကယ်တက္ကစီဆွဲမှာပါ” ဟု ကိုကျော်မျိုးဝင်း(ခ)အုန်းသီးက ပြောကြားသည်။
ကိုကျော်မျိုးဝင်းတွင် မိသားစုငါးဦးရှိပြီး လက်ရှိတွင် ကျောင်းဝင်းအတွင်း နေထိုင်ကြကြောင်း၊ ထီထိုးသူအားလုံးကို ထီပေါက်စေချင်ကြောင်း၊ ပြီးခဲ့တစ်လ၌သာ ထီမပေါက်ခဲ့ဘဲ ကျန်ခဲ့သည့်လများတွင် ငါးသောင်းတစ်ဆု၊ နှစ်သိန်းတစ်ဆုပေါက်၍ယခု ထီပေါက်မှုကို ဖုန်းဆက်၍သိရကြောင်း ကိုကျော်မျိုးဝင်းက ပြောကြားသည်။
မော်လမြိုင် မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ လက်ကားပင်ရင်းထီဆိုင်မှ ကိုယ်စားလှယ်ယူရောင်းသူ ဆရာမတစ်ဦးထံ လစဉ်ပုံမှန်ထိုးကာ ထီပေါက်ခဲ့ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List