Monday, September 02, 2019

ပဲခူးမြို့အနီး ဘဏ္ဍာကုန်းကျေးရွာတွင် ဆိုင်ကယ်မောင်းနှင်သွားသည်ကို မကျေနပ်၍ မသေမချင်း ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား


ပဲခူးမြို့မှ ရန်ကုန်ဘက်သို့အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး မိုင်တိုင် ၄၂ အနီးရှိ ဘဏ္ဍာ ကုန်းကျေးရွာတွင် သြဂုတ် ၃၁ ရက် ည ၇ နာရီခွဲခန့်က မိမိနေအိမ်ရှေ့တွင် ဆိုင်ကယ်မောင်းနှင်သွားသည်ကို မကျေနပ်၍ ဆိုင်ကယ်မောင်းနှင်သူအား မသေမချင်းဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့အနီး ဘဏ္ဍာကုန်း ကျေးရွာရှိ ဆယ်အိမ်မှူး ဦးလှိုင်ဝင်းအဆောင်တွင် အဆောင်ငှားနေသော အောင်မျိုးဆိုသူ သည် သြဂုတ် ၃၁ ရက် ည ၇ နာရီခန့်က သူ၏သူငယ်ချင်း လွင်မိုး (ခ) အငယ်ကောင် (ခ) အငယ်လေး (SPC ဖိနပ်စက်ရုံဖယ်ရီကား မောင်းသူ)ဆိုသူနှင့်အတူ အရက်သောက်ပြီး အဆောင်သို့ အောင်မျိုး၏ဆိုင်ကယ်ကို စီးပြီး ပြန်လာခဲ့ကြောင်း သိရသည်။
ဘဏ္ဍာကုန်းရွာရှိ  အောင်မျိုး ငှားရမ်းနေ ထိုင်သောအဆောင်အနီးသို့ ရောက်သောအခါ လွင်မိုး (ခ)အငယ်ကောင်က ဝမ်းဘဲအင်း ကျေးရွာရှိသူ၏သူငယ်ချင်းတစ်ဦးထံသွားလို၍ အောင်မျိုး၏ဆိုင်ကယ်အား ငှားရမ်းရာ အောင်မျိုးက ဆိုင်ကယ်ဆီဖြည့်ရန်ဆီဖိုး ၂၅၀၀ ထုတ်ပေးလိုက်ကာ လွင်မိုး(ခ)အငယ် လေးတစ်ဦးတည်း ဆီသွားဖြည့်ပြီး အောင်မျိုးမှာ အဆောင်သို့ပြန်ခဲ့ကြောင်း သိရသည်။
ထို့နောက် လွင်မိုး (ခ) အငယ်လေးကဆီ ဖြည့်ပြီး အဆောင်ရှိရာသို့ ပြန်မောင်းလာစဉ် အဆောင်လမ်းရှိ ကျောင်းဆရာဦးအောင်မြင့် နေအိမ်ရှေ့အရောက် ည ၇ နာရီခွဲခန့်တွင် ကျောင်းဆရာဦးအောင်မြင့်၏သားဆိုသူဖုန်း ကျော်ကျော်က အိမ်ထဲမှထွက်လာပြီး ဆိုင်ကယ်မောင်းသူ လွင်မိုး (ခ) အငယ်လေးအား မင်းဘာကောင်လဲ၊ ဘာဖြစ်ချင်လဲဟုဆိုကာ အရိုးအသွား တစ်ပေခန့်ရှိသော ဓားဦးချွန်ဖြင့် ထိုးခဲ့သည်ဟု ဆိုသည်။ ဖုန်းကျော်ကျော်၏ ပြောဆိုသံများကို အောင်မျိုးကြားပြီး ပြန်လှည့်လာစဉ် သွေးထွက် ပြီးလဲကျနေသော လွင်မိုး (ခ)အငယ်လေးနှင့် ဓားဦးချွန်ကိုင်ဆောင်ထား သော ဖုန်းကျော်ကျော်ကို တွေ့ရ၍“ဖုန်းကျော်ကျော် မင်း ငါ့သူငယ်ချင်းကို ဘာဖြစ်လို့ထိုးတာလဲဟုမေးရာ ဖုန်းကျော်ကျော်က မင်းသူ ငယ်ချင်းမှန်းလည်း ငါမသိဘူး။ ဆိုင်ကယ်မောင်းတာ စောက်ချိုးမပြေလို့လုပ်တာ လုပ် မယ့်လုပ်အသေလုပ်မယ်” ဟုဆိုကာ လဲကျနေသော လွင်မိုး(ခ)အငယ်လေးအား ဓားဦးချွန်ဖြင့် မသေမချင်းထိုးသတ်ခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ လွင်မိုး (ခ) အငယ်လေးကို  မသေမချင်းဓားဖြင့်ထိုးသတ်ခဲ့သော ဖုန်းကျော်ကျော်ဆိုသူအား ပဲခူးအမှတ် (၃) စခန်း၌ (ပ) ၁၁၄၆/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။    

Eleven Media Group

No comments:

Post a Comment

My Blog List