Wednesday, September 04, 2019

တနင်္သာရီမြို့မှာ မြစ်ရေကြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရ


ရေကြီးနေတဲ့ တနင်္သာရီတိုင်းမြို့ကို ၂၀၁၉ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ်
တနင်္သာရီမြို့မှာ မြစ်ရေကြီးပြီး မြို့ရဲ့စိုးရိမ်ရေအမှတ်အထက်ရောက်နေတာကြောင့် စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စာသင်ကျောင်းတွေထဲ ရေဝင်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် စာသင်ကျောင်း ၁၇ ကျောင်းပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
ရေကြီးတာကြောင့် မူလတန်း ကျောင်းသား ၂,၀၀၀ ကျော်၊ အလယ်တန်း ကျောင်းသား ၁,၅၀၀ ကျော်နဲ့ အထက်တန်း ကျောင်းသား ၆၀၀ ကျော် တို့အတွက် ကျောင်းပိတ်ပိတ်ထားရာ ဖြစ်ပါတယ်။
လက်ရှိ တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ၃ ပေ ကျော်လွန်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည် ၂,၀၀၀ ကျော် ခိုလှုံနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း တနင်္သာရီမြို့မှာ မြစ်ရေကြီးခဲ့ပြီး ဒီရက်ပိုင်းမှာ ဒုတိယအကြိမ် ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။
RFA 

No comments:

Post a Comment

My Blog List