Tuesday, September 03, 2019

သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသူ (၂) ဦး ဆေးရုံတင်ပို့လိုက်ရ

Image may contain: 1 person, sitting, shoes and outdoor

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး အတွက် သပိတ်မှောက် ဆန္ဒပြနေသည့် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသူ (၂) ဦးကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆေးရုံတင်ပို့လိုက်ရကြောင်း သိရသည် ။

ယင်းသပိတ်မှောက်ဆန္ဒပြမှုကို စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊ စစ်ဆေး၊အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သားစွာ ချပြရေး စသည့်တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြသည် ။
``မူးလဲတာတော့မဟုတ်ဘူး။ တစ်ယောက်က ခန္ဓာကိုယ် အရမ်းအေးလာတယ်။ နှစ်ယောက်လုံးက ကိုယ်ခံအားနည်းလာလို့ ဆေးရုံကိုပို့လိုက်တာပါ။´´ ဟု သပိတ်မှောက်ဆန္ဒပြမှုကို လာရောက်ဝန်းရံသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားမာသမဂ္ဂ မှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော် က ပြောသည်။
မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူမျအနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့် ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
ထို့အပြင် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိကြောင်း သိရသည် ။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး အတွက် နိုင်ငံတော် သမ္မတနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်း သိရသည် ။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်း က ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်သည် ။
ထို့အပြင် မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကျောင်းဘောလုံးကွင်းအား ပုဂ္ဂလိက လွှဲရန်ဆောင်ရွက်ခဲ့ဖူးပြီး မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသူ ကျောင်းသားဟောင်းများ၏ ကန့်ကွက်မှုကြောင့် လုပ်ငန်းအကောင်အထည်မဖော်ဖြစ်ခဲ့ကြောင်း သိရသည် ။

Image may contain: one or more people and outdoor
Image may contain: 3 people, people sitting, child and outdoor 
Image may contain: one or more people and outdoor 

No comments:

Post a Comment

My Blog List