Thursday, September 05, 2019

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ပြောတဲ့ "အင်န်အယ်လ်ဒီအစိုးရနဲ့ အတုပြဿနာ"



ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ဟာ သူရဲ့ Facebook မှာ ယနေ့ နံနက်ပိုင်းက "အင်န်အယ်လ်ဒီအစိုးရနဲ့ အတု ပြဿနာ" ဆိုပြီး အခုလို ရေးသားဖော်ပြထားပါတယ်_

ကျွန်တော်နဲ့ ကိုနေယံဦးတို့နှစ်ယောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးဝင်းသိန်းရဲ့ ဘွဲ့အတု ၊ ရာထူးဝန်အဖွဲ့နဲ့ ပူးပေါင်းပြီး သင်တန်းတွေဖွင့်ခဲ့တဲ့ကျောင်းအတု ကိစ္စတွေ နိုင်ငံတော်သမ္မတ ထံကို တိုင်ကြားခဲ့ဖူးတယ်။
နောက်တစ်ခါ ကျွန်တော်အနေနဲ့ ၀န်ကြီးဌာနတွေက နိုင်ငံခြားသားတွေကို လက်ခံတွေ့ဆုံတဲ့ အခါ လိုအပ်တဲ့စိစစ်မှုတွေလုပ်သင့်တဲ့အကြောင်း၊ အင်တာနက်ကနေ ရှာဖွေစိစစ်လိုက်ရင်တောင် ကိုယ်လက်ခံတွေ့ဆုံမယ့် အဖွဲ့အစည်းအကြောင်းကို သိနိုင်ကြောင်းရေးခဲ့ဖူးတယ်။
အခုလည်း ၀န်ကြီးအဆင့်ထိတောင် မဟုတ်တော့ဘူး၊ ဒုတိယသမ္မတအဆင့်အထိကို အတု အယောင်အဖွဲ့အစည်းတွေက လိမ်လည်လှည့်ဖျားနေတယ်လို့ ယုံကြည်ရတဲ့ သတင်းအချက် အလက်တွေကို ကိုနေယံဦးက ထပ်မံဖော်ထုတ်လုပ်ပါတယ်။ သူ့တင်ပြချက်ကို
မှာဖတ်နိုင်ပါတယ်။

သူတင်ပြချက်ထဲက အရေးကြီးတဲ့အချက်တွေက
၁။ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ( The World Best Tourist Destination Award ) ကို မြန်မာနိုင်ငံကို ချီးမြှင့်ခဲ့တယ်။ ဒီဆုကိုပေးတဲ့အဖွဲ့အစည်းက ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade ) ဖြစ်ပါတယ်။
၂။ ဒီဆုကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှာ နေပြည်တော်မှာ အခမ်းအနားနဲ့ပေးအပ်မှာဖြစ်ပြီး ဒုတိယသမ္မတဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် တက်ရောက်လက်ခံမယ်လို့သိရတယ်။
၃။ အဲဒီအခမ်းအနားမှာလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ဥရောပ ခရီးသွားအကယ်ဒမီ (European Tourism Academy) ရဲ့ အဖွဲ့ဝင်အဖြစ် ဆုချီးမြှင့်သွားဖို့ ရှိတယ်။
၎။ အဲဒီ ဆုပေးမယ့်အဖွဲ့အစည်းအမည်မှာ ဥရောပကောင်စီလို့ပါတဲ့အတွက် ဥရောပသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းလို့ထင်ရပေမယ့် လက်တွေ့မှာ ဥရောပသမဂ္ဂနဲ့ မပတ်သက်ပါ ဘူး။ အဲဒီလို မပတ်သက်တဲ့အကြောင်း EU ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားတဲ့သတင်းကိုလည်း မြန်မာ တိုင်းမ်း ( အင်္ဂလိပ်) သတင်းမှာဖော်ပြထားတယ်။
၅။ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) ရဲ့ ဖေစ့်ဘွတ်ခ်စာမျက်နှာကို Like လုပ်ထားသူက ၁၃၀ ပဲရှိပြီး၊ တွစ်တာမှာ follow ထားသူက ၄၇ ယောက်ပဲ ရှိပါတယ်။ လိပ်စာလည်း အတိအကျဖော်ပြမထားဘူး။
၆။ ဥက္ကဋ္ဌ (president)ဖြစ်သူ ဒေါက်တာ Anton Caragea ဆိုသူရေးထားတယ်ဆိုတဲ့ စာအုပ် ၊ စာတမ်းတွေကိုလည်း ဘယ်နေရာမှာမှ ရှာလို့မရဘူး။ သူစာသင်တယ်ဆိုတဲ့ ရိုမေးနီးယားက ကျောင်းဆိုတာဟာလည်း ကျောင်းအတုကြီးဖြစ်နေတယ်။
၇။ ဒီလူနဲ့ သူဦးဆောင်တဲ့အဖွဲ့အစည်းတွေဟာ အတုတွေဖြစ်တဲ့အကြောင်း ၂၀၁၈ ခုနှစ် မှာ Foreign Policy မဂ္ဂဇင်းက ဖော်ထုတ်ရေးသားခဲ့ပြီးပြီ။
တကယ်တော့ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နဲ့ ဟိုတယ်/ ခရီးသွား လုပ်ငန်းရှင်များ ဟာ နိုင်ငံတကာ နဲ့ ထိတွေ့ဆက်ဆံမှု အင်မတန်များတဲ့သူတွေဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တွေအနေနဲ့ အခုလို သံသယရှိစရာကောင်းတဲ့အဖွဲ့အစည်းကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု တစ်ခုကို စိစစ်မေးမြန်းမှုမရှိဘဲ လက်ခံခဲ့တယ်ဆိုတာ မှန်ရင် လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ပြောရ မှာပါပဲ။
ကိုနေယံဦး တင်ပြထားတဲ့အချက်အလက်တွေမှန်ကန်ကြောင်း စိစစ်တွေ့ရှိရရင် နိုင်ငံတော်အကြီး အကဲတွေအနေနဲ့ ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာနဟာ
၁။ ဘင်္ဂလီအရေးနဲ့ အခြားလက်နက်ကိုင်တိုက်ပွဲများကြောင့် ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ် ကို မြှင့်တင်ချင်တဲ့စိတ်လွန်ကဲမှုကြောင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းက အမြတ်ထုတ်တာကို ခံရ တာလား။
၂။ ဒါမှမဟုတ် အကြီးအကဲတွေ စိတ်ချမ်းသာအောင် သိသိကြီးနဲ့လက်ခံလိုက်တာလား
ဆိုတာကို စိစစ်သင့်တယ်၊ တွေ့ရှိချက်အပေါ်မူတည်ပြီး အရေးယူသင့်ရင် အရေးယူရမယ် လို့မြင်ပါတယ်။
အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ မာစတာဘွဲ့၊ ဒေါက်တာဘွဲ့အတုတွေ ကိစ္စတွေ၊ ခိုင်မာမှုမရှိတဲ့ ၊ သံသယရှိဖွယ်နောက်ကြောင်းနဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုလက်ခံတွေ့ဆုံတဲ့ကိစ္စ တွေ နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြခံရတာတွေ မကြာခဏ ကြားနေရပါတယ်။
ဒါဟာ လူတွေရဲ့ နိုင်ငံခြားသား ဆိုတာ နဲ့ အလိုလို အထင်ကြီးနေတဲ့ စိတ်အခံကြောင့်လား၊ ဌာနဆိုင်ရာတွေရဲ့ အဆင့်ဆင့် စိစစ် မှု အားနည်းတာကြောင့် လား ဆိုတာကိုလည်း ပြန်လည်စိစစ်သင့်ပြီလို့ထင်ပါတယ်။
Image may contain: 1 person, text 
Image may contain: 8 people, people smiling, text 


No comments:

Post a Comment

My Blog List