Thursday, September 05, 2019

မော်တော်ယာဉ်ကို နေရာရွှေ့ပေးမည်ဟုဆိုကာ မောင်းယူထွက်ပြေးသူကို ပစ်ခတ်ဖမ်းဆီးခဲ့ရ


Image may contain: car and outdoorImage may contain: one or more people and people sitting
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်မှာ စက်တင်ဘာလ (၄)ရက်က အလုပ်ရှင်ပိုင်ဖြစ်တဲ့ PAJERO အမျိုးအစားမော်တော်ယာဉ်ကို နေရာရွှေ့ပေးမယ်ဆိုပြီး မောင်းနှင်ထွက်ပြေးခဲ့သူကို ၀မ်းတွင်းမြို့နယ်ထဲမှာ မြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ပေမဲ့ အဖမ်းမခံဘဲ ပြန်လည်ခုခံဖို့ ကြိုးပမ်းတာကြောင့် ရဲတပ်ဖွဲ့က ကားဘီးတွေကို သေနတ်နဲ့ ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရတယ်လို့ ၀မ်းတွင်းမြို့မ ရဲစခန်းထံက သိရပါတယ်။
အဲဒီမော်တော်ယာဉ်ဟာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ကျောက်ဆည်ဘက်ကနေ မိတ္ထီလာဘက်ကို ထွက်ပြေးမောင်းနှင်လာတယ်လို့ သတင်းရတာကြောင့် ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
 
ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့က မော်တော်ယာဉ် မောင်းယူထွက်ပြေးသူကို မော်တော်ယာဉ်သက်သေခံပစ္စည်းနဲ့ အတူ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Image may contain: car and outdoor 

သတင်း - ဘိုဘို(မလှိုင်)
One News Myanmar
 

No comments:

Post a Comment

My Blog List