Wednesday, September 04, 2019

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ထိုးစစ်ရပ်မည်ဟု ကြေညာ


No photo description available.
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက ထိုးစစ်ရပ်မယ့်ကြေညာချက် ထုတ်ပြန်ထားတယ်လို့ စက်တင်ဘာ(၄) ရက်က ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာ ကပြောပါတယ်။ တရုတ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီကြေညာချက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အနေနဲ့ တစ်ဖက်သတ်ထိုးစစ်ရပ်မှာဖြစ်ပြီး တပ်ဖွဲ့တွေအခြေချတဲ့နေရာတွေကို လာရောက်တိုက်ခိုက်တာတွေကိုတော့ ပြန်လည်ခုခံသွားမှာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ရေးသားထားတယ်လို့ ဆိုပါတယ်။ 
 
အများပြည်သူနစ်နာတာတွေ မရှိစေဖို့နဲ့ BI LITERAL (အပစ်အခတ်ရပ်စဲရေး) လက်မှတ်ရေးထိုးနိုင်ဖို့ ထိုးစစ်ရပ်တာဖြစ်တယ်လို့လည်း ပါရှိပါတယ်။ တပ်မတော်ကလည်း တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ဆိုပြီး သြဂုတ်(၃၁)ရက် မှာ ကုန်ဆုံးတဲ့ အပစ်ရပ်ကြေညာချက်ကို စက်တင်ဘာ (၂၁)ရက်ထိ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာထားပါတယ်။ အစိုးရနဲ့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေဟာ လာမယ့် စက်တင်ဘာ(၁၆)၊(၁၇)ရက်မှာ နောက်တစ်ကြိမ်ထပ်မံတွေဆုံ သွားဖို့ရှိနေပါတယ်။
 

No comments:

Post a Comment

My Blog List