Wednesday, September 04, 2019

ဒီမိုကရေစီဆိုပြီး သွားနေတဲ့ ဒီမိုကရေစီ ပုံစံက နားလည်ရခက်နေတယ်လို့ ဗိုလ်မှုးချုပ်မောင်မောင်ပြော



ယနေ့ပြည်ထောင်စုလွှတ်တော်အစည်အဝေးတွင် မိတ္တီလာမဲ ဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါ အဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း နာယက ဦးတီခွန်မြတ် က ကြေညာခဲ့သည်။

ထိုကဲ့သို့ ထည့်သွင်းနိုင်ရန်အတွက် စက်ခလုပ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံ ဆန္ဒ ၃၇၆ မဲ၊ ကန့်ကွက် ဆန္ဒ မဲ ၂ဝ၃ မဲ၊ကြားနေ ဆန္ဒမဲ ၄ မဲ ဖြစ်ရာထောက်ခံ ဆန္ဒမဲ များသည့် အတွက် ယင်းကော်မတီ တွင်ထည့်သွင်းရန် အတည်ပြု လိုက်ခြင်းဖြစ်သည်။

ထိုသို့ ထည့်သွင်းရန် လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တင်ထဲကကန့်ကွက်နေသည့် ကြားမှ ယခုကဲ့သို့ မဲခွဲကာ အတည်ပြုသွားခြင်းဖြစ်ပြီး ဒီမိုကရေစီကို နားလည်ရခက်နေသည်ဟု ဗိုလ်မှုးချုပ် မောင်မောင်ကပြောသည်။
"ပြီးခဲ့တဲ့ အစီရင်ခံစာ တင်တုန်းကလည်း ကျွန်တော်တို့က ပြောတယ်။ဒီဟာက တကယ်တမ်းဆိုရင်တော့ ဥပဒေအရ ဆို၇င်တော့ တင်တဲ့ဥပဒေစာသားကို ဆွေးနွေးရမှာပေါ့။ ဒီလို မဆွေးနွေးပဲနဲ့ ၄၅ ဦးထဲ ထည့်မယ်ဆိုပြီးတော့ အစီရင်ခံစာ တင်လာတယ်။ ဒါကို ကျွန်တော်တို့က ကန့်ကွက်ခဲ့တယ် ။ နောက်ပြီးတော့ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့လည်း အားလုံးပေါ့ ။အားလုံးဝိုင်းဆွေးနွေးတာကြားပြီးဖြစ်မှာပါ။ဘယ်လိုပဲ ထောက်ပြ ဆွေးနွေးသည် ဖြစ်စေပေါ့။ နောက်ဆုံးတော့လည်းထုံးစံအတိုင်းပဲ မဲခွဲပြီးတော့ပဲ အတည်ပြုသွားတာပဲ ဖြစ်ပါတယ်'ဟု ၎င်းကဆိုသည်။
ထပ်မံ၍ဗိုလ်မှုးချုပ်မောင်မောင်က "အဲ့တော့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုပြီးတော့ ဒီမိုကရေစီကြီးက နားလည် ရခက်နေတယ်"ဟု ပြောသည်။
ဆက်လက်ပြီး လက်ရှိ တပ်မတော်အနေနဲ့ကတော့ သီးခြားလုပ်တာမရှိပေမယ့်ဥပဒေအရ ပြင်မည်ဆိုလျှင်ပြင်ရမည်ဆိုပြီးပြောထားတာများရှိကြောင်း ဗိုလ်မှုးချုပ်မောင်မောင်ကဆိုသည်။ထို့အပြင် ပြည်ခိုင်ဖြိုးဘက်မှဥပဒေအရ ပြင်ဖို့ တက်လာတွေကိုလည်း တပ်မတော်သားများမှပါဝင် လက်မှတ် ထိုးပြီးတင်တာများလည်းရှိကြောင်း၎င်းကပြောသည်။
ဒါ့အပြင် ဗိုလ်မှုးချုပ်မောင်မောင်က"ကျွန်တော်တို့ကတော့ ၂၀ ရာခိုင်နှုန်းလက်မှတ်ထိုးပြီး တင်ရမှာကိုး ဥပဒေ အရလေ။ လူနည်းစုတွေ ကျတော့ ၂၀ရာခိုင်နှုန်းမရှိဘူးပေါ့။ မရှိပေမယ့်လည်း သူတို့ပြင်ဆင်ချင်တဲ့ အချက်ဟာ ကိုယ့်နိုင်ငံအတွက် ကိုယ့် ဖွဲ့စည်းပုံ အတွက် ပြင်ဖို့ လိုအပ်တယ်ဆို၇င်တော့လည်း လိုအပ်၇င်ထောက်ခံရမှာပေါ့'ဟု ဆိုသည်။
KKT(နေပြည်တော်)
Isee Media  

No comments:

Post a Comment

My Blog List