Thursday, September 05, 2019

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဂျပန်နိုင်ငံသား(၁၄)ဦးအား ပထမအဆင့် ရွေးချယ်ထားဟုဆို


Image may contain: 1 person, smiling, text
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ဂျပန်လူမျိုး သရုပ်ဆောင်နေရာအတွက် ဂျပန်နိုင်ငံသားအစစ်တွေကို ထည့်သွင်းရိုက်ကူးဖို့ လူတွေ့စစ်ဆေးရွေးချယ်တာတွေ ပြုလုပ်ခဲ့ရာမှာ လတ်ရှိ(၁၄)ဦးကို ပထမအဆင့် ရွေးချယ်ထားတယ်လို့ အကယ်ဒမီ လူမင်းက ပြောပါတယ်။

" အဲဒီဂျပန်သရုပ်ဆောင်တွေကို ကြားခံကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက် ဆောင်ရွက်တာဖြစ်တယ်၊ ဒီလကုန်ရိုက်နိုင်ရေးကို ကျွန်တော်တို့ အပူတပြင်းဆောင်ရွက်နေပါတယ်"လို့လည်း အကယ်ဒမီလူမင်းက ပြောပါတယ်။ 
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ငွေကျပ် သိန်းပေါင်းတစ်သောင်းငါးထောင်သုံးစွဲဖို့ လျာထားခဲ့ထားပြီး လတ်တလောရိုက်ကူးဖို့ ဘတ်ဂျက်အခြေအနေကို မေးမြန်းကြည့်ရာမှာတော့ အခက်အခဲမရှိဘူးလို့ အကယ်ဒမီလူမင်းက ပြောပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက (၂၀၁၈)ခုနှစ်၊ အောက်တိုဘာ(၇)ရက်မှာ အကယ်ဒမီလူမင်း ဦးဆောင်တဲ့အဖွဲ့သစ်ကို တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
 

သတင်း - ကျော်ကျော်လတ်

No comments:

Post a Comment

My Blog List