Tuesday, September 03, 2019

တောင်ကိုရီးယားသမ္မတ Mr. Moon Jae-in နေပြည်တော် ရောက်ရှိ


Image may contain: 1 person, smiling, standing, sky and outdoor
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Moon Jae-in နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၃-၉-၂၀၁၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၀ မိနစ် အချိန်တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်(ဆက်ဆံရေးဝန်ကြီး)နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပါသည်။
Image may contain: 3 people, people standing 
No photo description available. 
Image may contain: 2 people, people standing and outdoor 
Photo Credit တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး

No comments:

Post a Comment

My Blog List