Tuesday, September 03, 2019

သင်ကြားပျံသန်းစဉ် ဆရာဖြစ်သူသတိလစ်သွား၍ လေယာဉ်မောင်းသင်တန်းသားကိုယ်တိုင် မြေပြင်သို့ ဆင်းသက်ခဲ့ရ



ဩစတြေးလျနိုင်ငံတွင် လေယာဉ်ပျံ အမောင်းသင်နေသည့် သင်တန်းသားမှာ သင်ကြားပေးသည့်ဆရာဖြစ်သူ ရုတ်တရက် သတိလစ်သွားပြီးနောက် အဆိုပါလေယာဉ်ကို ချောမွေ့စွာ ဆင်းသက်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အနောက်ဩစတြေးလျဘက်မှ မက်ခ်ဆီဗက်စတာဆိုသူ အဆိုပါလေယာဉ် အမောင်းသင်နေသူသည် စနေနေ့က လေယာဉ်ပျံသန်းနေစဉ် ဆရာဖြစ်သူ သတိလစ်သွားပြီးနောက် မြေပြင်ထိန်းချုပ်ရေးတာဝါသို့ အရေးပေါ်ဆက်သွယ်ခဲ့ရသည်။

ပါ့သ်မြို့လေဆိပ်မှ အော်ပရေတာများက လေယာဉ်ကိုမြေပြင်သို့ အဆင်ချောမွေ့စွာ ဆင်းသက်နိုင်အောင် ဆက်သွယ်ကူညီပေးခဲ့သည်ဟု ဆိုသည်။

မြေပြင်မှ လမ်းညွှန်ချက်များအတိုင်း တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့သည့် မက်ခ်ဆီဗက်စတာကို လေကြောင်းအာဏာပိုင်များက ချီးမွမ်းပြောဆိုခဲ့ကြသည်။

မက်ခ်ဆီဗက်စတာက မြေပြင်ထိန်းချုပ်ရေးတာဝါသို့ ဆက်သွယ်ပြောဆိုမှုများကို နောက်ပိုင်းတွင် မီဒီယာများသိအောင် အသိပေးခဲ့သည်။

“သူသတိလစ်ပြီး ကျွန်တော့်ပခုံးပေါ်မှာ မှီထားရတယ်။ သူ့ကိုလဲမသွားအောင် လုပ်ထားတယ်၊ ဒါပေမဲ့ သူက လဲကျသွားပါတယ်”ဟု အော်ပရေတာကို မက်ခ်ဆီဗက်စတာက လှမ်းပြောခဲ့သည်။

၎င်းတို့ ပျံသန်းနေသည့် ဆက်စနာ လေယာဉ်အမျိုးအစားကို ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ မြေပြင်ထိန်းချုပ်ရေးတာဝါက မက်ခ်ဆီဗက်စတာအား လှမ်းမေးသောအခါ ၎င်းက “ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး အမောင်းသင်တဲ့ သင်ခန်းစာပါ”ဟု ဖြေကြားသည်။

အဆိုပါ ပျံသန်းသင်ကြားမှုမပြုလုပ်မီ မက်ခ်ဆီဗက်စတာသည် လေယာဉ်ပျံမောင်းနှင်မှုနှင့်သက်ဆိုင်သော သင်ခန်းစာနှစ်ရပ်ကို (မြေပြင်၌) သင်ကြားခဲ့ဖူးသည်။

မက်ခ်ဆီဗက်စတာသည် ပါ့သ်မြို့ရှိ ဂျန်ဒါကော့လေဆိပ်ပေါ်တွင် တစ်နာရီကြာမျှ ဝဲပျံကာ စမ်းသပ်မှုများပြုလုပ်ပြီးနောက် လေဆိပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ လေဆိပ်တွင် အရေးပေါ် ကယ်ဆယ်ရေးအမှုထမ်းများနှင့် ၎င်း၏မိသားစုများလည်း စောင့်ဆိုင်းနေခဲ့ကြသည်။

မက်ခ်ဆီဗက်စတာ၏ လေယာဉ်မောင်းသင်ကြားပေးသူ ဆရာဖြစ်သူကို ဆေးရုံသို့ အရေးပေါ် တင်ပို့လိုက်သော်လည်း စိတ်ချရသည့် အခြေအနေတွင်ရှိသည်ဟုဆိုသည်။

လေယာဉ်ပျံမှာ ထိခိုက်ပျက်စီးမှု တစ်စုံတရာမရှိဘဲ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု လေယာဉ်မောင်းသင်တန်း ကျောင်းပိုင်ရှင် ချတ်မက်အီဝီက ပြောကြားသည်။

“အမှန်တိုင်းပြောရမယ်ဆိုရင် အပြစ်ပြောစရာမရှိအောင်ကို ဆင်းသက်နိုင်ခဲ့တာ”ဟု ဆိုသည်။
 
The Voice 

No comments:

Post a Comment

My Blog List