Wednesday, September 04, 2019

AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ အမာခံများက ဝါးတောင် ကျေးရွာ၌ အပြစ်မဲ့ ပြည်သူနှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်


No photo description available.

AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ အမာခံများက ဝါးတောင် ကျေးရွာ၌ အပြစ်မဲ့ ပြည်သူနှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာမှ ဦးရဲလွင်(ဘ)ဦးမြင့်လွင်၊ ဇနီးဖြစ်သူ ဒေါ်တင်ထွေးနှင့် ဈေးကူ ရောင်းပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ ဒေါ်ရွှေစင်လှိုင်(ဘ)ဦးစိန်ရွှေပုတို့ သုံးဦးသည် နေအိမ်၌ ရိုးသားစွာ ဈေးရောင်းနေစဉ် စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်လူငယ် ခြောက်ဦးခန့် ရောက်ရှိလာပြီး ဦးရဲလွင်နှင့် ဇနီးတို့အား အသင့်ယူဆောင်လာသော ဓားများဖြင့် အကြောင်းမဲ့ သတ်ဖြတ် ခဲ့ကြောင်း ဈေးအကူရောင်းသူ ဒေါ်ရွှေစင်လှိုင်မှာ ကြောက်လန့် ထွက်ပြေးကာ ဖခင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ခဲ့ကြောင်း သိရှိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကန်စောက်ရဲကင်းစခန်းသို့ ထပ်မံ အကြောင်းကြားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ပွား ရာသို့ သွားရောက်စစ်ဆေးရာ ဦးရဲလွင်နှင့် ဇနီးဖြစ်သူ ဒေါ်တင်ထွေးတို့ သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းကွပ်ကဲမှုအောက် ယိုးတရုတ် ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ရဲအုပ် ဇော်မင်းဌေးနှင့် ဇနီးဖြစ်သူ ဒေါ်တင် တင်အေး တို့သည် စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ယိုးတရုတ် ကျေးရွာဈေးသို့ သွားရောက်ဈေးဝယ်စဉ် အမည်မသိ အမျိုးသားခြောက်ဦးခန့် ရောက်ရှိလာပြီး ၎င်းအား သံတုတ်ဖြင့်ရိုက်ခြင်း၊ ဓားဖြင့်ထိုးခြင်းများ ပြုလုပ်နေသဖြင့် ဇနီးဖြစ်သူမှ ယိုးတရုတ် ရဲကင်းစခန်းသို့ ပြန်လည် သတင်းပို့ခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးရာ ဓားဒဏ်ရာများဖြင့် လဲကျနေသည့် ဒုတိယ ရဲအုပ်ဇော်မင်းဌေးအား တွေ့ရှိရပြီး ယိုးတရုတ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၇ နာရီ မိနစ် ၄ဝ ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သေဆုံးသူ လင်မယားနှစ်ဦးသည် AA အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းများအား ဝါးတောင် ရဲကင်းစခန်းသို့ ပေးပို့ နေသည်ဟု ယူဆသဖြင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ အမာခံများက သတ် ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment

My Blog List