Tuesday, September 03, 2019

မန္တလေးကျောင်းသားသပိတ် ဦးဆောင်သူ ကျောင်းသားမိဘများကို အာဏာပိုင်များ ဖိအားပေးနေ၊ ပိုမိုပြင်းထန်သော လှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု ကြေညာ


Image may contain: one or more people, people sitting and outdoor
မန္တလေးတက္ကသိုလ်အတွင်းတွင် တင်ဒါ ခေါ်ယူခြင်းမရှိဘဲ Food Court လုပ်ပိုင်ခွင့်ပေးမှုနှင့်ပတ်သက်၍ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂက သပိတ်မှောက်လျက်ရှိပြီး သပိတ်မှောက် ကျောင်းသားများ၏ မိဘများကို အာဏာပိုင်များက ဖိအားပေးမှုများရှိခဲ့သဖြင့် ပိုမို ပြင်းထန်သော လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြေညာသည်။

အဆိုပါကြေညာချက်တွင် မန္တလေးတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က မသမာမှုများပြုလုပ်ခြင်းကြောင့် ကျွန်ုပ်တို့သပိတ်ကော်မတီသည် ပင်မအဆောက်အအုံရှေ့မှောက်၌ သပိတ်တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း၊ သပိတ်တိုက်ပွဲဆင်နွှဲလျက်ရှိသော ကျောင်းသားရဲဘော်များ၏ မိဘများထံဖုန်းဆက်ကာ သက်ဆိုင်ရာဌာနမှူးများက ဖိအားပေးနေခြင်းများရှိနေကြောင်း၊ ဌာနမှူးများက ဖုန်းဆက်ဖိအားပေးခြင်းေ ကြာင့် ကျောင်းသားမိခင်တစ်ဦးသည် မူးလဲသွားခဲ့ကြောင်း၊ညီနောင်သမဂ္ဂများလာရောက်ဝန်းရံမှုကိုလည်းကျောင်းအုပ်ချုပ်ရေးအဖွဲ့မှတားဆီအဝင်မခံကြောင်း၊ သပိတ်ကော်မတီက ပိုမိုပြင်းထန်သော လှုပ်ရှားမှုများဖြင့်ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ သပိတ်မှောက်မှုကို ကြိုဆိုထောက်ခံပြီး တစ်သားတည်းရပ်တည်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

Photo Credit - မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

No comments:

Post a Comment

My Blog List