Wednesday, September 04, 2019

ဘဏ်လုပ်ငန်း ဂယက်ကြောင့် ရွှေ အရောင်းအဝယ်သွက်ပြီး ဈေးမြင့်တက်နေ


ပြည်တွင်း ဘဏ်လုပ်ငန်းကဏ္ဍတွင်ထွက်ပေါ်နေသည့် သတင်းများကြောင့် ရွှေအရောင်းအဝယ် သွက်ကာ ဈေးမြင့်တက်နေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
 “ကမ္ဘာမှာလည်း ရွှေဈေးက တက်နေတဲ့အနေ အထားမှာရှိပါတယ်။  အဲဒီလိုပဲ ပြည်တွင်းမှာလည်း ကောလာ ဟလ အချို့ကြောင့် တက်လာတာတွေလည်း ရှိပါတယ်။ ဘဏ်ကိစ္စကြောင့်ပြည်သူတွေက အထင်တစ် မျိုးစီ ဖြစ်ပြီးတော့ ဘဏ်ကနေ ငွေထုတ်တယ်။ရွှေကို ပြန်ဝယ်တဲ့ အခြေအနေတွေရှိပါတယ်။ ဘဏ်ကနေ ငွေထုပ် ကြီး ထုတ်ပြီး အသင်းမှာလာဝယ်တဲ့ ပုံစံမဟုတ်ပါဘူး။ ဆိုင်တွေမှာဝယ်ပါတယ်။  ဆိုင်တွေကနေအသင်း နဲ့ ချိတ်ပြီး၊ရောင်းကြဝယ်ကြတဲ့အခါမှာ ၊အရောင်းအဝယ်သွက်ပြီး၊ ဈေးတက်သွားတာဖြစ်ပါတယ်” ဟု  ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးမျိုး မြင့်ကဆိုသည်။
ထို့အပြင်  ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်း၊  ပြည်တွင်းဒေါ်လာဈေးမြင့်တက်ခြင်း နှင့် ရွှေကုန်ကြမ်း ရှားပါးလာ ခြင်း စသည့် အချက်များကြောင့်လည်း ပြည်တွင်းရွှေဈေး မြင့်တက်လာရခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ရွှေဈေးနှုန်း တည်ငြိမ်စေရေး အစည်းအဝေးကိုပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ဦးမျိုးမြင့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် အသင်းအနေဖြင့် ရွှေကို ကြိုရောင်းကြိုဝယ် မလုပ်ရန်၊ လက်ငင်းအရောင်းအဝယ်ပြုလုပ်ရန်နှင့်  ပမာဏများများဝယ်ယူမှုမပြုလုပ်ရန် စည်မျဉ်းများ ထုတ်ပြန်တားမြစ် ထားကြောင်း သိရသည်။
“ရွှေကဈေးတက်မယ်ဆိုပြီးတော့ များများစားစား ဝယ်ခြင်းပြုခြင်းကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ ရောင်းချင် တဲ့ သူကတော့ ရွှေဈေးကျအောင် အများကြီး ရောင်းနိုင်ပါတယ်။ဝယ်တဲ့အခါမှာတော့ တစ်ဦးတစ် ယောက်ရဲ့ လက်ထဲကိုရောက်ရှိမသွားအောင် အဝယ်ကိုထိန်းသိမ်းဝယ်စေလိုပါတယ်” ဟု၎င်းက ဆက်လက် ပြောဆို သည်။
ကမ္ဘာ့ရွှေဈေးမှာ စက်တင်လာလ၃ရက်နေ့ မနက်ပိုင်းက တစ်အောင်စလျှင် ၁၅၃ဝဝန်းကျင် ဈေးရှိပြီး၊ စက်တင် ဘာလ၄ရက်နေ့ မနက်ပိုင်းတွင် ၁၅၄၃ ဒေါ်လာအထိမြင့်တက်ခဲ့ရာ တစ်ရက်အတွင်းတစ်အောင်စလျှင် ၁၂ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။ ပြည်တွင်းရွှေဈေးမှာလည်း  စက်တင်ဘာ ၃ ရက်နေ့မနက်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၂၆၀၀၀၀ ကျပ် ဝန်းကျင်ဈေးရှိပြီး၊ ညနေပိုင်း ဈေးပိတ်ချိန်တွင် တစ်ကျပ်သားလျှင်  ၁၂၇၁၀၀၀ ကျပ်ထိမြင့်တက်ခဲ့သည်။
“ရွှေဈေးတက်ရတဲ့ အဓိက အကြောင်းအရင်းက ဘဏ်ဂယက်ကြောင့်၊ တစ်ချို့ကတတ်နိုင်သလောက် အပိုင်းတွေ လာဝယ်ကြတယ်။တစ်ချို့ငွေကြေးပြည့်စုံတဲ့သူတွေကျ ဆယ်ပိုင်း၊ အပိုင်းနှစ်ဆယ်ထိဈေးကွက် အတွင်းကနေဝယ်ယူတာတွေရှိတယ်”ဟုရွှေလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးဝင်းမြင့်ကဆိုသည်။
လက်ရှိတွင်  ပြည်တွင်းဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ချေးငွေပြသနာများကြောင့်  ပြည်တွင်းရွှေဈေး သာမက ဒေါ်လာငွေလဲနှုန်းပါလိုက်ပါ မြင့်တက် နေခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေးအတက်အကျပေါ် မှုတည်နေခြင်းဖြစ်ရာ လက်တလောတွင် ပြည်တွင်းရွှေဈေးကျနိုင်သည့် အခြေအနေတွင် မရှိသေးကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List