Monday, September 02, 2019

အမြန်လမ်းရဲကင်းတွင် ရဲတပ်သားတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရသောဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင်နေသူအား ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိ



အခင်းဖြစ်ပွားခဲ့သည့် နေရာနှင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူ နေထက်လင်း (ခ) မင်းကိုလတ် ကိုတွေ့ရစဉ်
ပြီးခဲ့သည့် မေ ၂၉ ရက် နံနက်အစောပိုင်းက အမြန်လမ်းမကြီး ၁၅၂ မိုင် ၃ ဖာလုံ အနီး အမြန်လမ်းရဲကင်းတွင် အမြန်လမ်းမ ကြီး ရဲတပ်သားတစ်ဦး ဓားဖြင့်ခုတ်သတ်ခံခဲ့ ရသောဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားအား သြဂုတ် ၃၁ ရက် ညနေပိုင်းက ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်တွင်  ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် မေ ၂၉ ရက် နံနက် ၆ နာရီခန့်က အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဇီးပင်သာစခန်းနယ်မြေ မိုင်တိုင်အမှတ် ၁၅၄/ ၀ မိုင် ရွာသစ်ရဲကင်းမှ ရဲတပ်သား အောင်စိုးဝေသည် မိုင်တိုင် အမှတ် ၁၅၂ မိုင် ၃ ဖာလုံ အနီးရဲကင်းရှေ့၌ တောင်ဘက်သို့ ဦးခေါင်းထိုးလျက် လည်ပင်းတွင် လေးလက်မကျော်ခန့် ဓားခုတ်ခံထားရသော ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခဲ့ပြီး ယင်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူမှာ တောင်ငူမြို့နယ်နေပူကုန်း ကျေးရွာအုပ်စုနေ ဖိုးစည် (၂၀ နှစ်) (ဘ)ဦးမောင်တုတ်နှင့် အစ်ကိုဖြစ်သူ နေထက် လင်း (ခ)မင်းကိုလတ် (၂၄ နှစ်)(ဘ)ဦးမောင် တုတ်တို့ဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ နှစ်ဦးအနက် ညီဖြစ် သူ ဖိုးစည်အား အခင်းဖြစ်နေ့၌ပင် ဖမ်းဆီးရမိခဲ့ပြီး ဖိုးစည်က ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံဓားနှင့် အဝတ်အစားများကိုလည်း အမြန်လမ်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျူးလွန်ဖိုးစည်ကို ဖမ်းဆီးရမိခဲ့သော်လည်း အစ်ကိုဖြစ်သူ နေထက်လင်း (ခ) မင်းကိုလတ်မှာ အသတ်ခံရသော အမြန်လမ်းရဲတပ်သား အောင်စိုးဝေ၏ ဆိုင်ကယ်နှင့်ဖုန်းကိုယူဆောင်၍ ထွက်ပြေးတိမ်းရှောင် နေခဲ့ပြီး သုံးလခန့်အကြာ သြဂုတ် ၃၁ ရက် ညနေ ၅ နာရီခန့်တွင် ဖြူးမြို့နယ် ကညွတ်   ကွင်းနယ်မြေရဲစခန်းအပိုင် ကညွတ်ကွင်းမြို့ ကွင်းရှေ့(၂)ရပ်ကွက်၊ ခင်တန်းရပ်၊ မိသာ လင်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေသူ နေထက်လင်းအား ဖမ်းဆီးရမိသည့် အခြေအနေနှင့် ပတ်သက်၍ ကညွတ်ကွင်းနယ်မြေရဲစခန်းမှူး ရဲအုပ်စန်းဦးက “မနေ့က ကျွန်တော်တို့ဖမ်းပြီးတော့ မနေ့ကပဲ ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းကို လွှဲလိုက်ပါပြီ။ နာမည်ကတော့ နေထက်လင်း။ သူလဲ သူ့သူငယ်ချင်းမိတ်ဆွေ ဆီ လာလည်ရင်းနဲ့ပေါ့။ အဲဒီက လူတစ်ယောက် က မသင်္ကာလို့ဆိုပြီး စခန်းကိုအကြောင်းကြား လို့ စခန်းက သွားပြီးတော့ဖမ်းဆီးလိုက်တာ ပါ။ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းကလာ ပါတယ်” ဟု ပြောကြားသည်။
ကညွတ်ကွင်းနယ်မြေရဲစခန်းက ဖမ်းဆီးရမိသည့် နေထက်လင်း(ခ) မင်းကိုလတ်အား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းက သြဂုတ် ၃၁ ရက် ည ၁၀ နာရီခန့်တွင် လွှဲပြောင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူ ဖိုးစည်နှင့် အစ်ကိုဖြစ်သူ နေထက်လင်း(ခ)မင်းကိုလတ်တို့အား ဇီးပင် သာအမြန်လမ်းမကြီးစခန်းမှူး ရဲအုပ်မင်းနိုင် က တရားလိုလုပ်ကာ အမှုဖွင့်တိုင် တန်းခဲ့ပြီး ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းက (ပ)၃၇/ ၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List