Tuesday, September 03, 2019

နယ်မြေရဲစခန်းမှူးက ဇနီးအား သေနတ်ဖြင့် ပစ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံး


Image may contain: phone
ဒေးဒရဲမြို့၊အမှတ်(၁ )ရပ်ကွက် ၊ဗိုလ်ချုပ်လမ်းရှိ ဒေးဒရဲ အအေးခန်း ဧည့်ရိပ်သာ၊ အခန်းအမှတ် A1 ၌ စက်တင်ဘာလ (၂)ရက်နေ့ ည (၈)နာရီကျော်ခန့်က ဒေးဒရဲမြို့နယ်၊ကျုံးဒါးနယ်မြေ စခန်းမှူး ရဲအုပ်စောလှဌေး (၄၅)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာ (၃၃)ဖြစ်သူနဲ့ အတူ တည်းခိုရင်း လင်မယားချင်း စကားများ ရန်ဖြစ်ကာ စခန်းမှူးက ဇနီးဖြစ်သူရဲ့ ညာဘက်ပေါင်ကို ခြောက်လုံးပြူးသေနတ်နဲ့ (၂)ချက် ပစ်ခတ်ပြီးနောက် မိမိပါးစပ်ထဲသို့လည်း (၁)ချက် ပစ်ခတ်ပြီး စခန်းမှူးသေဆုံးခဲ့ကြောင်း ရဲစစ်ဆေးချက်များအရ သိရပါတယ်။ 
ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖျာပုံခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်နေရာကို စစ်ဆေးခဲ့ရာ စခန်းမှူး ရဲအုပ်စောလှဌေးရဲ့ ပါးစပ်မှ သွေးများ ထွက်၍ သေဆုံးနေသည်ကို တွေ့ရှိရပြီး ညာဘက်လက်ကြားမှာ ကျည်ခွံ (၃)ခု၊ သေနတ်ထဲမှာ ကျည်ဆန် (၃)တောင့် တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။
 
 သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာအား ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသလျက် ရှိပါတယ်။ သေဆုံးသူ စခန်းမှူး ရဲအုပ်စောလှဌေးရဲ့ ရုပ်အလောင်းကိုတော့ ဒေးဒရဲဆေးရုံမှာ PM အမှတ်စဉ် ၀၁၇/၂၀၁၉ နဲ့ လက်ခံစစ်ဆေးလျက်ရှိပြီး ဒေးဒရဲမြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့်ရန် ဆောင်ရွက်ရန်လျက်ရှိကြောင်း သိရပါတယ်။
 
ကျော်စိုးမိုး-(ဖျာပုံ)အကုန်သိသတင်းဌာန  

No comments:

Post a Comment

My Blog List