Wednesday, September 04, 2019

ပုသိမ်မြို့ Myanmar Knitting အထည်ချုပ်အလုပ်သမားများ တတိယနေ့အဖြစ် ဆက်လက် ဆန္ဒဖော်ထုတ်


Image may contain: 5 people, people smiling, child
လုပ်ငန်းရှင်နှင့် ညှိနှိုင်းဆွေးနွေးမှု မပြေလည်သည့်အတွက် ပုသိမ်မြို့စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁ဝဝဝ ကျော်မှာ တတိယနေ့အဖြစ် ဆက်လက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

စက်ရုံအလုပ်ခွင်၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသည့်အတွက် တောင်းဆိုချက် ၄၅ ချက်တောင်းဆိုကာ စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ကာ စက်ရုံအလုပ်သမားများ ၃ ရက်ဆက်တိုက် ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပြီး ပုသိမ်မြို့ စက်မှုဇုန်တွင် ရက်အရှည်ဆုံး အလုပ်သမားဆန္ဒဖော်ထုတ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စက်တင်ဘာ ၃ ရက်နေ့တွင် စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားခေါင်းဆောင်များ ဆွေးနွေးခဲ့ရာ တောင်းဆိုချက် ၄၅ ချက်အနက် ၃၉ ချက်ကို စက်ရုံဘက်မှ လိုက်လျောပေးခဲ့ပြီး အလုပ်သမားများအတွက် အဓိကကျသည့် အချက် ၆ ချက်ကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ဆွေးနွေးနေကြောင်း သိရသည်။

Image may contain: 9 people, people smiling, people standing, child, sky, hat and outdoor
Image may contain: 3 people, outdoor 
Image may contain: 4 people, people standing, crowd and outdoor 
Image may contain: 1 person, child and outdoor 
Image may contain: 4 people, child and outdoor 
Image may contain: 3 people, crowd and outdoor 
သတင်းနှင့်ဓာတ်ပုံ - ဆလိုင်းသန့်စင်
ဧရာဝတီ 

No comments:

Post a Comment

My Blog List