Tuesday, September 03, 2019

သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်မင်းမြတ်ထံမေတ္တာ ရပ်ခံ ဆုတောင်းပွဲ မြို့တော်ခန်းမရှေ့ပြုလုပ်


Image may contain: 8 people, people on stage, people standing and outdoor
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်အမိန့် ချမှတ်ခံရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် ထိုင်းဘုရင်မင်းမြတ် မဟာဝါချီရာလောင်ကွန်း အနေဖြင့် အသက်ဘေးမှကယ်တင်ပေးရန် မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် ရဟန်းသံဃာတော်များ၊ ပြည်သူများက မေတ္တာရပ်ခံဆုတောင်းပွဲကို စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက 'သူတို့နှစ်ဦး လွတ် မြောက်ဖို့ဆိုတာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေလက်ထဲမှာတင် ရှိပါတယ်။ မြန် မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ထိုင်းဘုရင်အပေါ် စစ်မှန်တဲ့မေတ္တာပို့ပေးကြမယ်ဆိုရင် အဲဒီ မေတ္တာဓာတ်တွေသာ ထိုင်းဘုရင်မင်းမြတ်အပေါ်ကို ရောက်သွားခဲ့မယ်ဆိုရင် မေတ္တာ ဓာတ်က မြန်မာနိုင်ငံကိုပြန်ရောက်ပြီး ဒီကလေးနှစ်ယောက် လွတ်မြောက်နိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေနဲ့ လည်း ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်'ဟု မိန့်ကြားသည်။
အဆိုပါမေတ္တာရပ်ခံဆုတောင်းပွဲတွင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အသက် ကို ကယ်တင်ပေးပါရန် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတွင် ပါဝင်သည့် အကြောင်း အရာများအား ဆရာတော်တစ်ပါးက မိန့်ကြားရာ ထိုင်းနိုင်ငံ လိပ်ကျွန်းတွင်ဖြစ်ပေါ်ခဲ့သော အင်္ဂလန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ် သက်၍ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ဘုရင်မင်းမြတ်အနေဖြင့် ရင်ဝယ်သားသို့ မှတ်ယူကာ အသက်ဘေးမှ ကယ်တင်ပေးပါရန် တောင်းဆိုကြောင်း၊ အဆိုပါဖြစ်စဉ် တွင်လည်း ၎င်းတို့နှစ်ဦးမှာ သံသယတရားခံအနေဖြင့်ဖမ်းဆီးခံရကာ ရဲတပ်ဖွဲ့၏ ညှဉ်းပန်း မှုများရှိခဲ့ခြင်း၊ DNA စစ်ဆေးရာတွင်လည်း အချက်အလက်များ ကွဲလွဲနေခြင်းများဖြစ်ပေါ် ခဲ့ကြောင်း၊ အဆိုပါအမှုကို မြန်မာနိုင်ငံသား ရဟန်းရှင်လူ ပြည်သူများက တရားခံအစစ် အမှန် ပေါ်ပေါက်ရေးကိုအလေးထားစောင့်မျှော်ခဲ့ကြရာတွင် ယခုကဲ့သို့ ကော့စမွီခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရကြောင်းနှင့် တရားခံဖြစ်ပေါ်သည့် သက်သေခိုင်လုံခြင်းမရှိသည့် အကြောင်းအရာများအပေါ် ထောက်ထား၍ ဘုရင်မင်းမြတ်၏ မေတ္တာ ကရုဏာဖြင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးအပေါ် ကယ်တင်ပေးပါရန်တောင်းဆိုပါသည်ဟု အသနားခံစာပါ အကြောင်းအရာများကို ရွတ်ဆိုမိန့်ကြားခဲ့သည်။
ထို့နောက် ဆရာတော် ဦးပါမောက္ခနှင့် သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ် များက မေတ္တသုတ်နှင့် မောရသုတ်ကို သုံးကြိမ်တိုင်ရွတ်ဆိုဆုတောင်း၍ အဆိုပါ အသနား ခံစာအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ နှင့် လူပုဂ္ဂိုလ်များက သွားရောက်ပေးပို့ခဲ့ရာ ထိုင်းသံရုံး တာဝန်ရှိသူများက လက်ခံပေး ခဲ့ပြီးတာဝန်ရှိသူအဆင့်ဆင့်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု ဆရာတော်ဦးပါမောက္ခက စာသွားရောက်ပေးပို့ပြီး သံရုံးမှအထွက်တွင် သတင်းမီဒီယာ များအား မိန့်ကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင်အတွင်းရှိ ခိုတောင်ကျွန်း(လိပ်ကျွန်း) တွင် ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် မစ္စတာ ဒေးဗစ်မေလာ(၂၄) နှစ်နှင့် မစ္စဟာနာဝစ်သာရစ်ဂ်ျ (၂၃) နှစ်တို့နှစ်ဦးသတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ကော့စမွီခရိုင် တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင်စွဲချက် အမှု ခုနစ်မှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်စီရင်ချက်ချမှတ်ခဲ့သည်ကိုမြို့နယ်သို့ အယူခံတင်သွင်းခဲ့ရာ ယင်း အယူခံလျှောက်ထားမှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ခရိုင်တရားရုံးက သေဒဏ်ချမှတ် ခဲ့သည့် အမိန့်ကိုဆက်လက်အတည်ပြုကြောင်း၊ ထပ်မံချမှတ်ခဲ့ခြင်းကြောင့် ထိုင်းဗဟို တရားရုံးကို နောက်ဆုံးအယူခံအဖြစ်လျှောက်ထားခဲ့ရာတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ မေတ္တာရပ်ခံ ဆုတောင်းပွဲတွင် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ၊ အမျိုးသားရေးလှုပ်ရှား သူများနှင့်ပြည်သူ ၅၀ ခန့်ပါဝင်ခဲ့ကြောင်း သိရသည်။
သတင်း - နောင်လေး
ဓာတ်ပုံ - မင်းဟိန်း(စံတော်ချိန်)

No comments:

Post a Comment

My Blog List