Monday, September 02, 2019

ပေါက်ခေါင်းမြို့နယ်တွင် မိုးသည်းထန်၍ နေအိမ်အချို့ရေထဲမျောပါ ◾ ဘေလီတံတားတစ်စင်း ကျိုးပျက်ပြီး ဆက်သွယ်ရေး ပြတ်တောက်နေ


Image may contain: 2 people, outdoor and nature
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် တောင်နဝင်းချောင်းမကြီး ရေကြီး ရေလျှံမှုဖြစ်ပေါ်ကာ နေအိမ်အချို့ ရေထဲ မျောပါခဲ့ပြီး ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းမပေါ်ရှိ သံပေါင်ဘေလီ တံတား ကျိုးပျက်ခဲ့သောကြောင့် ကား လမ်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိ ကြောင်း ပေါက်ခေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဩဂုတ် ၃၁ ရက်မှစတင်ကာ ရေ ကြီးရေလျှံမှုကြောင့် ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းကျေးရွာမှ တောင်နဝင်း ချောင်းကမ်းပါးရှိ နေအိမ်ခြောက်လုံးမှာ အိမ်အလုံးလိုက် ရေတိုက်စား မျောပါခဲ့ ကြောင်း သိရသည်။
ထိုမျောပါလာသည့် နေအိမ် အပျက်များက ပေါက်ခေါင်း-အုတ်တွင်း ပဲခူးရိုးမဖြတ်ကျော် ကားလမ်းမိုင်တိုင် အမှတ် ၃၈/၁ နှင့် ၂ ကြားရှိ အရှည်ပေ ၁၉၀ ရှိသော သံပေါင်ဘေလီတံတားအား ရိုက်မိထိခိုက်သောကြောင့် တံတားပါ ကျိုးပျက်ခဲ့ရကြောင်း သိရသည်။
ရေကြီးရေလျှံမှုမှာ ပေါက်ခေါင်း မြို့ပေါ် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်း ကျေးရွာများသို့လည်း ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး ရေမြုပ်ကျေးရွာ အချို့မှ သက်ကြီးရွယ်အိုများ၊ ကလေးများကို ရေလွတ်ရာသို့ ညတွင်းချင်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
'တောင်နဝင်းချောင်းမကြီးကနေ ရေလျှံတာပေါ့။ ရိုး
ပေါ်က ချောင်းတွေ စုစုံဆင်းတာ။ မိုးများလို့ ဖြစ်တာ။ အရင် ဒီလောက်တော့ မဖြစ်ဖူးဘူး။ ဒီတစ်ခါ များတယ်။ အထူးသဖြင့် အကူအညီလိုအပ်နေတဲ့ ကျေးရွာတွေက အုတ်ဖိုကျေးရွာဘက်မှာ ပိုလိုအပ်နေတယ်' ဟု ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောဆိုသည်။

ပြည်-ပေါက်ခေါင်းကားလမ်းတွင်လည်း လမ်းပေါ်ရေ ကျော်သည့် နေရာသုံးနေရာခန့်ရှိပြီး ပေါက်ခေါင်းမြို့အဝင် သဖန်းချိုရွာမှ ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးရုံးရှေ့အထိ တစ်မိုင်ခန့် ရေကျော်နေသောကြောင့် လမ်းသွားလမ်းလာများ၊ ကားများ ဖြတ်သန်းသွားလာမှု အခက်အခဲဖြစ်နေကာ ဌာန ဆိုင်ရာများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းများက ကူညီပေးကြကြောင်း သိရသည်။
'ပေါက်ခေါင်းမြို့အဝင်ကတော့ ပိုဆိုးတယ်။ ရေစီးက လည်း အရမ်းသန်တယ်။ ဒီမှာ ဂိုက်လိုင်းကြိုးတွေချပြီး လမ်း သွားလမ်းလာတွေအတွက် ဆောင်ရွက်ပေးပါတယ်။ ရေ
အန္တ ရာယ်အပြင် အခြား ပိုးကောင်၊ မွှားကောင် အခြေအနေတွေ ကိုလည်း သတိပြုပါ။ ဆိုင်ကယ်တွေ၊ ကားတွေလည်း အဖွဲ့အစည်း တွေ လမ်းညွှန်တဲ့အတိုင်းလေး မောင်းပေးစေချင်တယ်။ မဟုတ် ရင် လမ်းလွဲပြီး ရေစီးနဲ့ပါနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ်'ဟု အဆိုပါနေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေသည့် မိုးမေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်က ပြောဆိုသည်။

ပေါက်ခေါင်းမြို့ပေါ်ရပ်ကွက် အချို့နှင့် စိုက်ပျိုးရေး၊ ထွေ အုပ်၊ တရာရုံးများလည်း ရေဝင်နစ်မြုပ်နေပြီး မုန်ကုန်း ရွာ၊ ဘန့်ပြင် ရွာ၊ သဖန်းချိုရွာ၊ ညောင်ဝိုင်းရွာနှင့် အခြားကျေးရွာအချို့တွင်လည်း ရေကြီးနစ်မြုပ်လျက်ရှိကာ လယ်ဧကများပါ ရေဝင်နစ်မြုပ်ပြီး ပြည်-ပေါက်ခေါင်းကားလမ်း တောင်ဇင်းဝတောင် မြေပြိုကျ မှုကို အချိန်မီရှင်းလင်းနိုင်ခဲ့သောကြောင့် လမ်းပိတ်ဆို့မှုမဖြစ်ခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - သီဟလွင်(မြစ်မခ)

No comments:

Post a Comment

My Blog List