Thursday, September 05, 2019

နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ်ပင်ကြီးအား အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်


Image may contain: tree and outdoor

နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ် ပင်ကြီးအား စက်တင်ဘာ ၆ ရက်တွင် ၃၂ ခုမြောက်အဖြစ် ရန်ကုန်မြို့ပြ၏ သဘာဝအမွေအနှစ် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

၂၀၂၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သည် နှစ် ၁၀ဝ ပြည့်ပြီဖြစ်၍ ကျောင်းတည်ဆောက်ရန် ပုံစံရေးဆွဲစဉ်က ထိုသစ်ပုတ်ပင်ကြီးကို ထည့်သွင်းရေးဆွဲခဲ့ခြင်းကြောင့် အပင်၏သက်တမ်းမှာ နှစ်ပေါင်း ၁၂၀ ကျော်ရှိနိုင်ကြောင်း ရုက္ခဗေဒပညာရှင်တို့က ခန့်မှန်းသုံးသပ် ထားကြောင်း သိရသည်။

နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်သော သစ်ပုတ်ပင်သည် ရန်ကုန်တက္ကသိုလ် မဖွင့်လှစ်မီကတည်းက ရှိခဲ့ပြီး သိပ္ပံဆောင် အနီးတွင် တည်ရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် သမိုင်းပုံရိပ်နှင့်အတူ ယနေ့တိုင် ရှင်သန်လျက် ရှိသည့် သစ်ပုတ်ပင်ကြီးအား ဆက်လက်ထိန်းသိမ်းနိုင်ရန် ရန်ကုန်မြို့ပြ အမွေအနှစ်တစ်ခုအဖြစ် အပြာရောင် ကမ္ပည်းပြားကို တပ်ဆင်ခြင်းဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List