Wednesday, September 04, 2019

ကိုရီးယားအမျိုးသမီးကိုလုယက်မှုကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ


Image may contain: one or more people
မြောက်ဒဂုံ၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာ၊ တိုက်(A-1)၊ အခန်း(၅၀၁)တွင် တစ်ဦးတည်းနေထိုင်တဲ့ Mrs. Kim Min Sook(ကိုရီးယားနိုင်ငံသူ) ကို Air Con လာရောက်ပြုပြင်ပေးသူက တွန်းလှဲပြီး ဂေါက်တံဖြင့်ရိုက်ကာ ဖုန်း၊ ငွေနှင့် ရွှေထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၃၀၀)ခန့်အား လုယူသွားမြှု စက်တင်ဘာ ၉ ရက်နေ့  ည ၉း၃၀ အချိန်မှာဖြစ်ပွားခဲ့ပါတယ်။Mrs. Kim Min Sook တွင် ဒဏ်ရာများ ရရှိ၍ မြောက်ဥက္ကလာပဆေးရုံတွင်ထားရတာဖြစ်ပါတယ်။

ဖြစ်ရပ်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တရားလို ဒေါ်----- Air Con ဝယ်ယူခဲ့ဖူးသည့်ဆိုင်မှ ခေါ်ယူပြုပြင်နေကျအလုပ်သမား နေမျိုးအောင်(ခ)ကိုမျိုး(ခ) မျိုးမြင့် ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
လိုက်လံဖမ်းဆီးခဲ့ရာ ၃-၉-၂၀၁၉ ရက်နေ့ ၂၂း၀၀ အချိန်တွင် ပြစ်မှု ကျူးလွန်သူအား ရွှေဘိုမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပါတယ်

းသက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ နေမျိုးအောင်(ခ)ကိုမျိုး(ခ) မျိုးမြင့် ကို ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိကြောင်းသိရပါတယ်။

Kumudra 

No comments:

Post a Comment

My Blog List