Thursday, September 05, 2019

မြန်မာလုပ်သားများပိုမိုခေါ်ယူပေးရန် ကိုးရီးယား သမ္မတ ထံသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထား



မြန်မာ လုပ်သားများပိုမိုခေါ်ယူပေးရန် ကိုးရီးယား သမ္မတ ထံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တောင်းဆိုထားကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီိး ဦးသိန်းဆွေ ကပြောသည်။

“မနေ့က ရောက်လာတဲ့ တောင်ကိုးရီးယားသမ္မတ ခရီးစဉ်မှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေ ပိုမိုခေါ်ယူပေးဖို့ ကိစ္စ ကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပါတယ်”ဟု ဦးသိန်းဆွေက ပြောသည်။
ယနေ့ နေပြည်တော်ရှိ M Gallery တိုတယ်တွင်ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားဈေးကွက်ဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဥ်း၍ မဟာဗျူဟာမြောက်ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ခြင်း စတင်မိတ်ဆက်ခြင်း အခမ်းအနား အပြိးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ်ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကိုးရီးယားနိုင်ငံ ဘက်မှလည်း မြန်မာအလုပ်သမားများ၏ ကြိုးစားမှု စည်းကမ်းရှိမှု နှင့် အမိန့် နာခံမှုများကို အသိအမှတ်ပြုသည့် အတွက်ကြောင့် ပိုမိုခေါ်ယူပေးမည်ဟု ယုံကြည်ကြောင်း သိရသည်။
ကိုးရီးယားနိုင်ငံသို့ တရားဝင်စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံဝန်ကြီး ဌာနမှ အလုပ်လုပ်ကိုင်ခွင့်စနစ်အရ နားလည်မှုစာချွန်လွှာကို ၂၀၁၀ ခုနှစ် က လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ကိုးရီယား နိုင်ငံမှ သတ်မှတ်ထားသည့် အခြေခံလုပ်ခ သည် တစ်လ လျှင် မြန်မာငွေကျပ် ၁၈ သိန်းဝန်းကျင်ခန့် ရရှိနေပြီး အချိန်ပိုများဆင်းရပါက တစ်လ လျှင် သိန်း ၂၀ ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးရီးယားနိုင်ငံသို့ ၂၀၁၁ ခုနှစ် မှစတင်၍ လက်ရှိ အချိန်အထိ မြန်မာလုပ်သား သုံးသောင်းကျော် သွားရောက် အလုပ်လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။

The Fifth Wave News

No comments:

Post a Comment

My Blog List