Friday, September 06, 2019

ရွှေဈေး ဆက်တိုက်တက်လာပြီး ကျပ် ၁၃ သိန်းအထက် ပထမဆုံးအကြိမ် ရောက်ရှိ

 ဈေးကွက်အတွင်း ရွှေကို အလုအယက် ၀ယ်ယူနေခြင်း ကြောင့် ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၇,၀၀၀ အထိ မြင့်တက်လာလာသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက ဆိုသည်။


 ပြည်တွင်းရွှေဈေးသည် သြဂုတ် ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁,၁၅၄,၀၀၀ ရှိရာမှ စက်တင်ဘာ ၅ ရက်တွင် ၁,၃၀၇,၀၀၀ အထိမြင့်တက်လာ ပြီး တစ်လအတွင်း ကျပ်တစ်သိန်း ခွဲကျော် မြင့်တက်လာခြင်းဖြစ် သည်။
‘‘အရပ်သူ၊ အရပ်သားတွေ က ငွေတွေထုတ်ပြီး ၀ယ်နေကြ တယ်။ ဈေးကစားနေတာ မဟုတ်ဘူး။ လောလောဆယ် လူတွေက လန့်ဖျပ်ပြီး ၀ယ်နေကြတာ။ ထိန်းချုပ်ဖို့ တော်တော်ခက်နေတယ်’’ ဟု မန္တလေးရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။
ပြည်တွင်းဝယ်လိုအားသည် ရက်ပိုင်းအတွင်း သိသာစွာ မြင့် တက်ခြင်းကြောင့် ယခုကဲ့သို့ ရွှေ ဈေး ဆက်လက်မြင့်တက်နေပြီး ရွှေဈေးကစားမှုများမရှိဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ပြည်တွင်းရွှေဈေးကွက်အ တွင်း ငွေထုပ်ပိုက်၍ ရွှေများကို လိုက်လံဝယ်ယူနေသူများရှိသည် ဟု ရွှေကုန်သည်အချို့က ပြော သည်။
‘‘မနက်မိုးလင်းကတည်းက ငွေထုပ်ပိုက်ပြီး ရွှေကိုလိုက်ဝယ် တဲ့သူတွေရှိနေတယ်။ ဘဏ်ကော လာဟလကြောင့်လား၊ ဈေးမ တည်မငြိမ်လုပ်ချင်လို့လား မသိ ဘူး။ ဈေးနှုန်းက အရမ်းတက် နေပြီ’’ ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။
ပြည်တွင်းရွှေဈေးတည်ငြိမ် စေရန် လက်ထဲတွင် ရွှေနှင့် ငွေရှိ မှသာ တိုက်ရိုက်အရောင်းအဝယ် ပြုလုပ်ရန် ပွဲစားများနှင့် ဝယ် ရောင်းများကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက စက်တင်ဘာ ၄ ရက်၌ အသိပေး သည်။
အစည်းအဝေးတွင် အချက် ငါးချက်ကို သဘောတူညီခဲ့ပြီး ‘ရွှေလုပ်ငန်းရှင်များ၏ အသုံးအ နှုန်းဖြစ်သော’ ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန်ရောင်းချရန်၊ ကြို ရောင်းကြိုဝယ်များ မပြုလုပ်ရန်၊ အသင်းဂုဏ်သိက္ခာ ကျဆင်း အောင် မပြုလုပ်ရန်နှင့် ပြုလုပ်ပါ က အသင်းမှ ထုတ်ပယ်မည်ဟု အသိပေးခဲ့သည်။
အဆိုပါ သဘောတူညီချက်များတွင် ရွှေဝယ်ယူမှုကို ဝိတ်တန်း လျှော့ပြီး ဝယ်ယူပေးရန်နှင့် ရွှေ ဝယ်ရောင်းပြုလုပ်သူများနှင့် ပွဲစားများက ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းကို ဝိုင်းထိန်းပေးရန်လည်း ပါဝင်သည်။
ထို့အပြင် အသင်းက ချမှတ် သော အချက်ငါးချက်ကို အသင်းဝင် ရွှေလုပ်ငန်းရှင်များ၊ ပွဲစားများ လိုက်နာရန်လည်း အသင်းက မေတ္တာရပ်ခံသည်။

7Day   

No comments:

Post a Comment

My Blog List