Thursday, September 05, 2019

ပြည်နှင်ဒဏ်ဥပဒေကြမ်း ဟောင်ကောင် ရုပ်သိမ်း


Image may contain: 3 people
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကယ်ရီ လမ်း က တရုတ်ပြည်မကြီးက အလိုရှိသူတွေ လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်းကို ဆန္ဒပြလူထုတွေ တောင်းဆိုနေတဲ့အတိုင်း ပြန်လည်ရုပ်သိမ်းတော့မယ်လို့ ဒီကနေ့ ကြေညာလိုက် ပါတယ်။

ဒါ့အပြင် အကြမ်းဖက်ဆူပူမှုတွေ အဆုံးသတ်ဖို့ အခုဦးစားပေး ဆောင်ရွက်တော့မှာဖြစ်တယ်၊ လူထုအတွင်း မကျေနပ်မှုတွေကို အဖြေရှာဆွေးနွေးဖို့အတွက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေကို ဖိတ်ကြားတွေ့ဆုံပြီး အကြံဥာဏ်တွေ ရယူမယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ လွှတ်တော်အမတ်တချို့ကတော့ ကယ်ရီလမ်းဟာ ပြည်သူလူထုက ၃ လလောက် ဆန္ဒပြနေတာကို ဥပက္ခာပြုခဲ့တဲ့အတွက် အချိန်နောက်ကျဆန္ဒပြနေသူတွေဟာ အခုလို ဥပဒေမူကြမ်းကို ရုပ်သိမ်းရုံမျှနဲ့ ကျေနပ်ကြမှာ မဟုတ်ဘဲ ဒီမိုကရေစီ အခွင့်အရေးတွေ ပိုမိုရရှိဖို့၊ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းအရေးယူဖို့နဲ့ ကယ်ရီ လမ်း နုတ်ထွက်ဖို့ ဆက်လက်တောင်းဆိုကြလိမ့်မယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း အခုလို ဟောင်ကောင်အုပ်ချုပ်ရေးမှူးက လူထုဆန္ဒအတိုင်း ပြည်နှင်ဒဏ်ပေးမယ့် ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းမယ့် သတင်းကြောင့် ဟောင်ကောင် ငွေကြေးဈေးကွက်မှာ အစုရှယ်ယာဈေးနှုန်းတွေ ဒီကနေ့ ၄% တက်လာခဲ့ပါတယ်။
Photo: Philip FONG / AFP
RFA 


No comments:

Post a Comment

My Blog List