Tuesday, September 03, 2019

အာဏာရပါတီ တည်မြဲရေးကိုသာ ရည်ရွယ်နေတယ်ဆိုတာ မြင်ပြီး ကိုယ်စားလှယ် ၂ ယောက် နုတ်ထွက်လိုက်တာ လို့ ရခိုင်အမျိုးသားပါတီ ထုတ်ပြန်


Image may contain: text

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍဟာ ပီပြင်စွာပါဝင်နိုင်တဲ့ အခြေအနေမရှိတာရယ်၊ လက်ရှိအာဏာရ ပါတီ တည်မြဲရေးကိုသာ ရည်ရွယ်နေတာတွေ့ရတယ်ဆိုပြီး ရခိုင်အမျိုးသားပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီကနေ နုတ်ထွက်ရတာ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ကော်မတီရဲ့ အဆိုပြုချမှတ်တဲ့စနစ်တွေမှာ အနိုင်ရပါတီတစ်ခုတည်း ရဲ့ သဘောထားတွေကိုသာ မဲအသာစီးနဲ့ ဆုံးဖြတ်နေတဲ့အတွက် ရခိုင်အမျိုးသားပါတီအပြင် တိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်လို့တဲ့ အချက်တွေကို မရနိုင်တော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဒါကြောင့် ရခိုင်အမျိုးသားပါတီကိုယ်စားပြုပါဝင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးပါဝင်နေတာကို ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို ၄၅ ဦးနဲ့ဖွဲ့စည်းထားတာပါ။
မနေ့ကလည်း မအူပင်လွှတ်တော်ကိုယ်စားလှယ်က ဖွဲ့စည်းပုံပြင်ဆင် ရေးမှာ သမိုင်းတရားခံအဖြစ်မခံနိုင်ဘူးလို့ဆိုကာ နုတ်ထွက်စာ တင်ခဲ့ပါတယ်။
၄၅ ဦးပါတဲ့ ကော်မတီဟာ အခုဆို ၄၂ ဦးပဲ ရှိတော့မှာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List