Thursday, February 27, 2020

လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို တပ်ချုပ်အောက်တွင် ထားရှိခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ပိုမိုအကျိုးရှိစေမည်ဟု တပ်ကိုယ်စားလှယ်ပြော


Image may contain: 3 people, people standing

လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို တပ်ချုပ်အောက်တွင်ထားရှိခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် နေမျိုးအောင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ရက်ကပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ယနေ့အချိန်မှာ ARSA လို နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုတွေကိုပါ ကာကွယ်ဖို့ လိုအပ်တာကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ထားရှိခြင်းဟာ နိုင်ငံနဲ့ ပြည်သူအတွက် ပိုမို အကျိုးရှိစေမှာဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ်နေမျိုးအောင် က ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြား ပွီးဆုံး၍ ထာဝရငွိမျး ခမြျးရေးရရှိလာသညျ့အခါတှငျလည်း နိုင်ငံတော်အတွင်း တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းများသာ ရှိတော့ မည်ဖြစ်ပြီး တပ်မတော်သည်လည်း တစ်ခုတည်းသော တပ်မတော်သာဖြစ်ရမည်ဖြစ်သောကြောင့် မူရင်းပြဋ္ဌာန်း ချက်သည် ပြည့်စုံလုံလောက်ပြီဖြစ်ကြောင်း ၎င်းက ပြော ဆိုသည်။

"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ Civil Security Force ဖြစ်ပေမယ့် လက်ရှိ ကာလ မြန်မာနိုင်ငံမှာ လက် နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းတွေရဲ့ အန္တရာယ်ဟာနိုင်ငံအနှံ့ရှိနေတာ ကြောင့် ပြည်သူတွေကို အကာအကွယ်ပေးဖို့ Law Enforcement လုပ်ငန်း၊ Rule of Law လုပ်ငန်းတို့အပြင် လုံခြုံမှုထိန်းသိမ်းရေး လုပ်ငန်းများကိုပါ ထမ်းဆောင်ရတဲ့ ParamilitaryForce ကဲ့သို့သော နယ်ခြားစောင့်ရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်မှုအောက်မှာသာ ထားရှိသင့်ခြင်းဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ် နေမျိုးအောင်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို စဉ်းစားကြည့်မည်ဆိုပါက Defence Services တစ်ခုတည်းအပေါ်တွင် ကြည့်နေရုံဖြင့်မရဘဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ကို အစိုးရဝန်ကြီးဌာန တစ်ခုအောက်တွင် ထားရှိခြင်းနှင့် ယင်းဝန်ကြီးဌာနကိုကိုင်တွယ်သည့် ဝန်ကြီးက ၎င်း၏ပါတီအကျိုးအတွက် အသုံးပြုလာမှု၊ Political Vergance ရှိလာနိုင်မှုတို့ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့များကို စီမံခန့်ခွဲမည့်Institution ၏ ခိုင်ခိုင်မာမာရပ်တည်နိုင်မှုတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း သိရသည်။

"ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို မယိမ်းယိုင်ရအောင်၊ အမျိုးသားအကျိုး စီးပွားကို မထိပါးရအောင် မျက်ခြည်မပြတ် စောင့်ရှောက်ထိန်းသိမ်းပေးရမယ့် အမျိုးသားနိုင်ငံရေးအင်အားစုတစ်စုဟာ ကျွန်တော်တို့နိုင်ငံအတွက်အမှန်တကယ် လိုအပ်ပါတယ်။ ဒါကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် သစ္စာကိုထာဝစဉ် စောင့်ရှောက်ထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကောင်းနဲ့ ပြည့်စုံတဲ့ တပ်မတော်ဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ် နေမျိုးအောင်က ပြောဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော်သည် Institution ခိုင်မာမှု ရှိပြီးသား အဖွဲ့အစည်းလည်းဖြစ်သောကြောင့် ခိုင်မာမှုရှိသည့် အဖွဲ့အစည်းကို ဦးစီးပြီး ဆောင်ရွက်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ထားရှိရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀ (ဂ)၏ မူလပြဋ္ဌာန်းချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟုပြဋ္ဌာန်းထားပြီး ပြင်ဆင်ရန် တင်ပြချက်အနေဖြင့် ယင်းပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန်တင်သွင်းလာခြင်းဖြစ်သည်။

တပ်မတော်သည် ဒို့တာဝန်အရေး သုံးပါးကိုထိပါးလာမည့် မည်သည့် အန္တရာယ်အတားအဆီးကိုမဆို တွန်းလှန်ကျော်လွှာရမည်ဖြစ်ပြီး ထိုအတားအဆီး အားလုံးကိုကျော်လွှား၍ တိုင်းပြည်အကျိုး ဖော်ဆောင်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းအားရှိရန်လိုအပ်ကြောင်း၊ ထိုကာကွယ်ရေးစွမ်းအားသည် လေ့ကျင့်မှုပြည့်၀သော (ကြည်း၊ ရေ၊ လေ) တပ်မတော်အပြင် လုပ်ငန်းတာဝန်နှင့် သဘောတရားအရ နိုင်ငံတော်က လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူအားလုံးပါဝင်ကြောင်း ဗိုလ်မှူးချုပ်နေမျိုးအောင်က ပြောဆိုသည်။

"ထိုလက်နက်ကိုင်အင်အားစုများဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုတာဝန်ခံမှသာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး တာဝန်ကို ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ထို့ကြောင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပေါ်နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှု မရှိစေရေး၊ နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးတို့အတွက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည် ဟူသော မူလပြဋ္ဌာန်းချက်ကို လုံး၀ပယ်ဖျက်ခြင်း မပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန် ဗိုလ်မှူးချုပ်နေမျိုးအောင်က ဆွေးနွေးတင်ပြခဲ့သည်။

"၁၉၄၆၊ ၁၉၄၇ ခုနှစ် မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီးနောက် ပါတီနိုင်ငံရေးဆက်နွှယ်မှုကြောင့်ရယ်၊ တပ်မတော်အပေါ် နိုင်ငံရေးဩဇာ ထိုးဖောက်သက်ရောက‌ေနိုင်ခြင်းကြောင့်ရယ် ခါးသီးတဲ့ အတွေ့အကြုံများကို တွေ့ကြုံခဲ့ရပြီးဖြစ်ပါတယ်။ တပ်မတော် ပြိုကွဲလျှင် တိုင်းပြည် ပြိုကွဲပြီး အချုပ်အခြာအာဏာဆုံးရှုံးမည့် အခြေအနေများကိုလည်း တွေ့ကြုံခဲ့ရတဲ့အတွက်ကြောင့် သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီးတပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပေါ် နိုင်ငံရေးဆိုင်ရာထိန်းချုပ်ကြပ်မတ်မှုများနဲ့ နိုင်ငံရေး ဩဇာလွှမ်းမိုးမှု ကင်းရှင်းဖို့ သတိချပ်ရပါမယ်"ဟု မက်မန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ပြောဆိုသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်မတော်၏အရန်အင်အားများသာဖြစ်ကြောင်း၊ နိုင်ငံအကျိုးကို တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြမည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် ၎င်းကိုရည်ရွယ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲဖြစ်ကြောင်း ပြဋ္ဌာန်းထားခြင်းသာဖြစ်ကြောင်း ဦးတင်အေးက ပြောကြားသည်။

သတင်း - မင်းမင်းထွန်း
(Zawgyi Version)

လက္နက္ကိုင္တပ္ဖြဲ႕အားလုံးကို တပ်ချုပ်အောက်တွင် ထားရှိခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ပိုမိုအကျိုးရှိစေမည်ဟု တပ်ကိုယ်စားလှယ်ပြော

လက္နက္ကိုင္တပ္ဖြဲ႕အားလုံးကို တပ်ချုပ်အောက် တွင်ထားရှိခြင်းသည် နိုင်ငံနှင့် ပြည်သူအတွက် ပိုမို အကျိုးရှိစေမည်ဖြစ်ကြောင်း တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် နေမျိုးအောင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ရက်ကပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးရာ တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ယနေ့အချိန်မှာ ARSA လို နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုတွေကိုပါ ကာကွယ်ဖို့ လိုအပ်တာကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ထားရှိခြင်းဟာ နိုင်ငံနဲ့ ပြည်သူအတွက် ပိုမို အကျိုးရှိစေမှာဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ်နေမျိုးအောင် က ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးဆုံး၍ ထာဝရငြိမ်း ချမ်းရေးရရှိလာသည့်အခါတွင်လည်း နိုင်ငံတော်အတွင်း တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းများသာ ရှိတော့ မည်ဖြစ်ပြီး တပ်မတော်သည်လည်း တစ်ခုတည်းသော တပ်မတော်သာဖြစ်ရမည်ဖြစ်သောေကြာင့် မူရင်းပြဋ္ဌာန်း ချက်သည် ပြည့်စုံလုံလောက်ပြီဖြစ်ကြောင်း ၎င်းက ပြော ဆိုသည်။

"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ Civil Security Force ဖြစ်ပေမယ့် လက်ရှိ ကာလ မြန်မာနိုင်ငံမှာ လက် နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းတွေရဲ့ အန္တရာယ်ဟာနိုင်ငံအနှံ့ရှိနေတာကြောင့် ပြည်သူတွေကို အကာအကွယ်ပေးဖို့ Law Enforcement လုပ်ငန်း၊ Rule of Law လုပ်ငန်းတို့အပြင် လုံခြုံမှုထိန်းသိမ်းရေး လုပ်ငန်းများကိုပါ ထမ်းဆောင်ရတဲ့ ParamilitaryForce ကဲ့သို့သော နယ်ခြားစောင့်ရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်မှုအောက်မှာသာ ထားရှိသင့်ခြင်းဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ် နေမျိုးအောင်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို စဉ်းစားကြည့်မည်ဆိုပါက Defence Services တစ်ခုတည်းအပေါ်တွင် ကြည့်နေရုံဖြင့်မရဘဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ကို အစိုးရဝန်ကြီးဌာန တစ်ခုအောက်တွင် ထားရှိခြင်းနှင့် ယင်းဝန်ကြီးဌာနကိုကိုင်တွယ်သည့် ဝန်ကြီးက ၎င်း၏ပါတီအကျိုးအတွက် အသုံးပြုလာမှု၊ Political Vergance ရှိလာနိုင်မှုတို့ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့များကို စီမံခန့်ခွဲမည့်Institution ၏ ခိုင္ခိုင္မာမာရပ္တည္ႏိုင္မှုတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ေြကာင်း သိရသည်။

"ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို မယိမ်းယိုင်ရအောင်၊ အမျိုးသားအကျိုး စီးပွားကို မထိပါးရအောင် မျက်ခြည်မပြတ် စောင့်ရှောက်ထိန်းသိမ်းပေးရမယ့် အမျိုးသားနိုင်ငံရေးအင်အားစုတစ်စုဟာ ကျွန်တော်တို့နိုင်ငံအတွက်အမှန်တကယ် လိုအပ်ပါတယ်။ ဒါကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် သစ္စာကိုထာဝစဉ် စောင့်ရှောက်ထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကောင်းနဲ့ ပြည့်စုံတဲ့ တပ်မတော်ဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ် နေမျိုးအောင်က ပြောဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော်သည် Institution ခိုင်မာမှု ရှိပြီးသား အဖွဲ့အစည်းလည်းဖြစ်သောကြောင့် ခိုင်မာမှုရှိသည့် အဖွဲ့အစည်းကို ဦးစီးပြီး ဆောင်ရွက်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ထားရှိရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀ (ဂ)၏ မူလပြဋ္ဌာန်းချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟုပြဋ္ဌာန်းထားပြီး ပြင်ဆင်ရန် တင်ပြချက်အနေဖြင့် ယင်းပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန်တင်သွင်းလာခြင်းြဖစ်သည်။

တပ်မတော်သည် ဒို့တာဝန်အရေး သုံးပါးကိုထိပါးလာမည့် မည်သည့် အန္တရာယ်အတားအဆီးကိုမဆို တွန်းလှန်ကျော်လွှာရမည်ဖြစ်ြပီး ထိုအတားအဆီး အားလုံးကိုကျော်လွှား၍ တိုင်းပြည်အကျိုး ဖော်ဆောင်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းအားရှိရန်လိုအပ်ကြောင်း၊ ထိုကာကွယ်ရေးစွမ်းအားသည် လေ့ကျင့်မှုပြည့်ဝသော (ကြည်း၊ ရေ၊ လေ) တပ်မတော်အပြင် လုပ်ငန်းတာဝန်နှင့် သဘောတရားအရ နိုင်ငံတော်က လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူအားလုံးပါဝင်ကြောင်း ဗိုလ်မှူးချုပ်နေမျိုးအောင်က ပြောဆိုသည်။

"ထိုလက်နက်ကိုင်အင်အားစုများဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုတာဝန်ခံမှသာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး တာဝန်ကို ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ထို့ကြောင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပေါ်နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှု မရှိစေရေး၊ နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးတို့အတွက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည် ဟူသော မူလပြဋ္ဌာန်းချက်ကို လုံးဝပယ်ဖျက်ခြင်း မပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန် ဗိုလ်မှူးချုပ်နေမျိုးအောင်က ဆွေးနွေးတင်ပြခဲ့သည်။

"၁၉၄၆၊ ၁၉၄၇ ခုနှစ် မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီးနောက် ပါတီနိုင်ငံရေးဆက်နွှယ်မှုကြောင့်ရယ်၊ တပ်မတော်အပေါ် နိုင်ငံရေးဩဇာ ထိုးဖောက်သက်ရောက‌နေိုင်ခြင်းကြောင့်ရယ် ခါးသီးတဲ့ အတွေ့အကြုံများကို တွေ့ကြုံခဲ့ရပြီးဖြစ်ပါတယ်။ တပ်မတော် ပြိုကွဲလျှင် တိုင်းပြည် ပြိုကွဲပြီး အချုပ်အခြာအာဏာဆုံးရှုံးမည့် အခြေအနေများကိုလည်း တွေ့ကြုံခဲ့ရတဲ့အတွက်ကြောင့် သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီးတပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပေါ် နိုင်ငံရေးဆိုင်ရာထိန်းချုပ်ကြပ်မတ်မှုများနဲ့ နိုင်ငံရေး ဩဇာလွှမ်းမိုးမှု ကင်းရှင်းဖို့ သတိချပ်ရပါမယ်"ဟု မက်မန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ပြောဆိုသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်မတော်၏အရန်အင်အားများသာြဖစ်ကြောင်း၊ နိုင်ငံအကျိုးကို တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြမည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် ၎င်းကိုရည်ရွယ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲဖြစ်ကြောင်း ပြဋ္ဌာန်းထားခြင်းသာဖြစ်ကြောင်း ဦးတင်အေးက ပြောကြားသည်။

သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List