Thursday, February 27, 2020

တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်အရှိန်မြင့်လာပြီးနောက် အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုရွှေ့ဆိုင်း

Image may contain: 1 person, standing, text that says 'one NEWS'
တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီလို့ ဒီနေ့မနက်မှာပဲ တောင်ကိုရီး ယားဘက်က ထုတ်ပြန်ကြေညာပါတယ်။

တောင်ကိုရီးယားမှာ တစ်ရက်အတွင်း ဗိုင်းရပ်စ် ကူးစက်သူ ၃၃၄ ယောက် ရှိခဲ့ပြီး စုစုပေါင်း ၁၅၉၅ ယောက် ကူးစက်နေပြီ ဖြစ်တာကြောင့် အစိုးရက ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အမြင့်ဆုံး အရေးပေါ်အခြေအနေကို ဒီမနက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပူးတွဲ စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာပါတယ်။ နောက်ထပ်ဘာမှ ထပ်မကြေညာမချင်း ရွှေ့ဆိုင်းထားမှဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားမှာက အမေရိကန် စစ်အင်အားူ ၂၈၅၀၀ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု အပြင်ဘက်မှာ အင်အား အများဆုံး အမေရိကန် စစ်စခန်းလည်းဖြစ်ပါတယ်။
အစောပိုင်းမှာ ဗိုင်းရပ်စ်ကြောင့် ပါဝင်မယ့် စစ်အင်အားတွေ လျှော့ချမယ်လို့ ပြောခဲ့ပေမယ့် ဒီနေ့မှာတော့ လုံးဝ ရွှေ့ဆိုင်း လိုက်ရတာဖြစ်ပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List