Friday, February 28, 2020

ဒီမိုကရေစီစနစ်တွင် စည်းကမ်းဥပဒေနှင့် ထိန်းကျောင်းမထားလျှင် မင်းမဲ့စရိုက် ဖြစ်နိုင်သလို အာဏာရှင်ဖြစ်သွားနိုင်ဟုဆို


Image may contain: indoor
ဒီမိုကရေစီနှင့် မင်းမဲ့စရိုက်အကြားတွင် ထိန်းကျောင်းထားသည့်အရာသည် စည်းကမ်းဥပဒေဖြစ်ပြီး၊ ဒီမိုကရေစီစနစ်တွင် စည်းကမ်းဥပဒေနှင့် ထိန်းကျောင်း မထားလျှင် မင်းမဲ့စရိုက် ဖြစ်သွားနိုင်သကဲ့သို့ အာဏာရှင်လည်းဖြစ်သွားနိုင်ေကြာင်း ပျော်ဘွယ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးသောင်းအေးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပြည်ထောင်စုလွှတ်တော်အစည်းအေ၀းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ပုဒ်မခွဲများနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ဦးသောင်းအေးက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီကို စည်းကမ်းရှိစွာလုပ်နိုင်သလား ဆန်းစစ်ကြည့်မည်ဆိုလျှင် ယနေ့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေသည့် UNကဲ့သို့ အဖွဲ့လျှင်ပင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အဖြစ်အမှန်များကို လျစ်လျူရှုပြီး အပြည်ပြည် ဆိုင်ရာ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တရားစွဲဆိုခံရစေရန် လုပ်ဆောင် လာခြင်းသည် ဥပဒေနှင့်ညီသည့် ဒီမိုကရေစီလားဟုလည်း ဦးသောင်းအေးက မေးခွန်းထုတ်ခဲံသည်။

ယင်းအပြင် တိုင်းရင်းသား ပြည်သူများ မတရားသတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတော် အစိုးရက ထိရောက်သည့် ကာကွယ်မှု တုံ့ပြန်မှုများ ပြုလုပ်ရန် ပြည်သူများ ဆန္ဒပြတောင်းဆိုသော်လည်း ထိရောက်သည့်အကာအကွယ် မပေးနိုင်မှုသည် ပြည်သူကိုအလေးထားသည့် ဥပဒေနှင့် ညီသည့် ဒီမိုကရေစီပါလားဟုလည်း ဦးသောင်းအေးက မေးခွန်းထုတ်ပြောကြားခဲ့သည်

ထို့အတူ အတိတ်ကာလက နိုင်ငံရေးပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်များက ဒီမိုကရေစီ ကို အရောင်အမျိုးမျိုးဆိုးကာ စည်းကမ်းဥပဒေနှင့်မညီသုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမည့်အခြေအနြေဖစ်ခဲ့ရသည်။ထို့ကြောင့် နိုင်ငံတော်၏ အခြေခံမူပုဒ်မ ၆(ဃ)၊ ပုဒ်မရ၊ ပုဒ်မ ၃၉နှင့် ပုဒ်မ ၄၀၅(က)တို့ကို မူလအတိုင်း ထားရှိရန် အဆိုပြုကြောင်း ဦးသောင်းအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

The Ladies News
ဒီမိုကရေစီစနစ်တွင် စည်းကမ်းဥပဒေနှင့် ထိန်းကျောင်းမထားလျှင် မင်းမဲ့စရိုက် ဖြစ်နိုင်သလို အာဏာရှင်ဖြစ်သွားနိုင်ဟုဆို
--- --- ---
ဒီမိုကရေစီနှင့် မင်းမဲ့စရိုက်အကြားတွင် ထိန်းကျောင်းထားသည့်အရာသည် စည်းကမ်းဥပဒေဖြစ်ပြီး၊ ဒီမိုကရေစီစနစ်တွင် စည်းကမ်းဥပဒေနှင့် ထိန်းကျောင်း မထားလျှင် မင်းမဲ့စရိုက် ဖြစ်သွားနိုင်သကဲ့သို့ အာဏာရှင်လည်းဖြစ်သွားနိုင်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးသောင်းအေးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ပုဒ်မခွဲများနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ဦးသောင်းအေးက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီကို စည်းကမ်းရှိစွာလုပ်နိုင်သလား ဆန်းစစ်ကြည့်မည်ဆိုလျှင် ယနေ့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေသည့် UNကဲ့သို့ အဖွဲ့လျှင်ပင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အဖြစ်အမှန်များကို လျစ်လျူရှုပြီး အပြည်ပြည် ဆိုင်ရာ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တရားစွဲဆိုခံရစေရန် လုပ်ဆောင် လာခြင်းသည် ဥပဒေနှင့်ညီသည့် ဒီမိုကရေစီလားဟုလည်း ဦးသောင်းအေးက မေးခွန်းထုတ်ခဲံသည်။

ယင်းအပြင် တိုင်းရင်းသား ပြည်သူများ မတရားသတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတော် အစိုးရက ထိရောက်သည့် ကာကွယ်မှု တုံ့ပြန်မှုများ ပြုလုပ်ရန် ပြည်သူများ ဆန္ဒပြတောင်းဆိုသော်လည်း ထိရောက်သည့်အကာအကွယ် မပေးနိုင်မှုသည် ပြည်သူကိုအလေးထားသည့် ဥပဒေနှင့် ညီသည့် ဒီမိုကရေစီပါလားဟုလည်း ဦးသောင်းအေးက မေးခွန်းထုတ်ပြောကြားခဲ့သည်

ထို့အတူ အတိတ်ကာလက နိုင်ငံရေးပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်များက ဒီမိုကရေစီ ကို အရောင်အမျိုးမျိုးဆိုးကာ စည်းကမ်းဥပဒေနှင့်မညီသုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမည့်အခြေအနေဖြစ်ခဲ့ရသည်။ထို့ကြောင့် နိုင်ငံတော်၏ အခြေခံမူပုဒ်မ ၆(ဃ)၊ ပုဒ်မရ၊ ပုဒ်မ ၃၉နှင့် ပုဒ်မ ၄၀၅(က)တို့ကို မူလအတိုင်း ထားရှိရန် အဆိုပြုကြောင်း ဦးသောင်းအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

The Ladies News

1 comment:

  1. Water Hack Burns 2lb of Fat OVERNIGHT

    More than 160,000 women and men are trying a easy and SECRET "liquid hack" to drop 2lbs each night as they sleep.

    It's painless and it works all the time.

    Here are the easy steps for this hack:

    1) Hold a glass and fill it half full

    2) Now use this strange HACK

    and you'll become 2lbs thinner when you wake up!

    ReplyDelete

My Blog List