Thursday, February 27, 2020

တပ်မတော်ရဲ့ ပထမဆုံး ရေငုပ်သင်္ဘော ရက်ပိုင်းအတွင်း ရောက်မယ်

Image may contain: ocean, sky, outdoor and water
တပ်မတော်ရဲ့ ပထမဆုံး ရေငုပ်သင်္ဘော မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်တော့မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

အိန္ဒိယ တပ်မတော်က အသုံးပြုနေတဲ့ ရုရှားနိုင်ငံထုတ် Kilo Class ရေငုပ်သင်္ဘောကို တပ်မတော်က ဝယ်ယူလိုက်တာပါ။
Kilo Class ရေငုပ်သင်္ဘောကို ၁၉၈၀ ကျော်ကတည်းက ရုရှားနိုင်ငံကနေ အိန္ဒိယက ဝယ်ယူထားတာဖြစ်ပါတယ်။
မြန်မာတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အိန္ဒိယရေတပ် အကြီးအကဲတွေ နှစ်နိုင်ငံ ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုတွေ အခုလဆန်းပိုင်းက ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အိန္ဒိယ ရေတပ်ဦးစီးချုပ် မြန်မာနိုင်ငံကို လေးရက်ကြာခရီးစဉ် လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့တပ်မတော် အရာရှိတွေကို ဂျပန်ရေတပ်ကလည်း ရေငုပ်သဘောနဲ့ ပတ်သက်ပြီး ဖိတ်ခေါ်ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ရေငုပ်သင်္ဘော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း၊ ရေအောက် ဆေးကုသရေးကိစ္စတွေကို နှစ်ဘက် သတင်းအချက်အလက်တွေ ဖလှယ်ခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Unicode

- Zawgyi

1 comment:

  1. Your Affiliate Money Printing Machine is waiting -

    Plus, making profit with it is as simple as 1-2-3!

    Here's how it all works...

    STEP 1. Input into the system which affiliate products you intend to promote
    STEP 2. Add push button traffic (it LITERALLY takes 2 minutes)
    STEP 3. See how the affiliate system grow your list and sell your affiliate products all on it's own!

    Are you ready to start making money??

    Click here to activate the system

    ReplyDelete

My Blog List