Friday, February 28, 2020

မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တပ်မတော် ကန့်သတ်


Image may contain: 1 person, outdoor
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ဆယ်ဖွဲ့ထက်မနည်းတဲ့ ပြည်သူ့စစ်တွေရဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ လှုပ်ရှားမှုကို တပ်မတော်က ကန့်သတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က မူဆယ်မြို့ ရွှေလီရတနာခန်းမမှာ အဖွဲ့တွေကို ခေါ်ပြီး တပ်က ညွှန်ကြားလိုက်တာလို့ အမည်မဖော်လိုတဲ့ ပြည်သူ့စစ် တစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တချို့ရဲ့ပြောကြားချက်အရဆိုရင် တရုတ်မြန်မာနယ်စပ်မြို့ မူဆယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိနေတာပါ။

နယ်စပ်မှာ လက်နက်ကိုင် သွားလာတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖောင်းပွနေပြီး ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

ကျန်တဲ့ဒေသကနေ လာရောက်ပြီး စီးပွားရေးလုပ်နေတဲ့ ပြည်သူ့စစ်တွေ လက်နက်ကိုင်တာကို တားမြစ်လိုက်ပြီး ကိုယ်ထိန်းချုပ်ရတဲ့ ဒေသမှာသာ နယ်မြေလုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ အမည် မဖော်လိုတဲ့ ပြည်သူ့စစ်အဖွဲ့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

မူဆယ် ဌာနေပြည်သူ့စစ်တွေကတော့ လက်နက်ကိုင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မူဆယ်မှာ ရုံးဖွင့်ထားတဲ့ ဒေသအတွင်း အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ကွတ်ခိုင်အခြေစိုက် ကောင်းခါး ပြည်သူ့စစ်အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးဇော်လုံကလည်း တပ်က ဒီလို ညွှန်ကြားကြောင်း အတည်ပြုပါတယ်။

တပ်ဘက်က အခုလို လုပ်ဆောင်လာတာဟာ နယ်စပ်မှာ ပြဿနာတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဆယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်ကျော်သိန်းကတော့ ဒီလိုညွှန်ကြားမှုမျိုး ရှိတယ်ဆိုရင် ကြိုဆိုရမယ်လို့ မှတ်ချက်ပေးပါတယ်။ တရားဥပဒေ စိုးမိုးမှုလည်း ပိုမို အားကောင်းလာနိုင်မယ်လို့ သူက ယူဆပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ခြောက်ထောင်ကျော်ရှိတယ်လို့ လေ့လာသူတွေကို ကိုးကားပြီး ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

ဒီအကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်သူ့စစ်အဖွဲ့တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒအရ ဆက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လက်နက်ရှိပေမယ့် အရပ်သားတွေပဲဖြစ်တဲ့အတွက် သူတို့ အမှုဖြစ်လာရင် အရပ်ဘက်၊ နယ်ဘက် ဥပဒေအရသာ အရေးယူတယ်၊ တိုင်းစစ်ဌာနချုပ်တွေက နယ်မြေအလိုက်ထားရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကြီးကြပ်တယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကွပ်ကဲတယ်လို့ ပြောပါတယ်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်က ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရတဲ့ ပြည်သူ့စစ်တွေက လိုအပ်ရင် တပ်မတော်ကို လမ်းပြအဖြစ် အထောက်အကူပေးနေတယ်လို့ RFA ကို ပြောခဲ့ဖူးပါတယ်။
Unicode
ဓာတ်ပုံ - ကံသာ/ RFA

မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တပ်မတော် ကန့်သတ်
~~~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ဆယ်ဖွဲ့ထက်မနည်းတဲ့ ပြည်သူ့စစ်တွေရဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ လှုပ်ရှားမှုကို တပ်မတော်က ကန့်သတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က မူဆယ်မြို့ ရွှေလီရတနာခန်းမမှာ အဖွဲ့တွေကို ခေါ်ပြီး တပ်က ညွှန်ကြားလိုက်တာလို့ အမည်မဖော်လိုတဲ့ ပြည်သူ့စစ် တစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တချို့ရဲ့ေြပာကြားချက်အရဆိုရင် တရုတ်မြန်မာနယ်စပ်မြို့ မူဆယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိနေတာပါ။

နယ်စပ်မှာ လက်နက်ကိုင် သွားလာတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖောင်းပွနေပြီး ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

ကျန်တဲ့ဒေသကနေ လာရောက်ပြီး စီးပွားရေးလုပ်နေတဲ့ ပြည်သူ့စစ်တွေ လက်နက်ကိုင်တာကို တားမြစ်လိုက်ပြီး ကိုယ်ထိန်းချုပ်ရတဲ့ ဒေသမှာသာ နယ်မြေလုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ အမည် မဖော်လိုတဲ့ ပြည်သူ့စစ်အဖွဲ့ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

မူဆယ် ဌာနေပြည်သူ့စစ်တွေကတော့ လက်နက်ကိုင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မူဆယ်မှာ ရုံးဖွင့်ထားတဲ့ ဒေသအတွင်း အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ကွတ်ခိုင်အခြေစိုက် ကောင်းခါး ပြည်သူ့စစ်အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးဇော်လုံကလည်း တပ်က ဒီလို ညွှန်ကြားကြောင်း အတည်ပြုပါတယ်။

တပ်ဘက်က အခုလို လုပ်ဆောင်လာတာဟာ နယ်စပ်မှာ ပြဿနာတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဆယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်ကျော်သိန်းကတော့ ဒီလိုညွှန်ကြားမှုမျိုး ရှိတယ်ဆိုရင် ကြိုဆိုရမယ်လို့ မှတ်ချက်ပေးပါတယ်။ တရားဥပဒေ စိုးမိုးမှုလည်း ပိုမို အားကောင်းလာနိုင်မယ်လို့ သူက ယူဆပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ခြောက်ထောင်ကျော်ရှိတယ်လို့ လေ့လာသူတွေကို ကိုးကားပြီး ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်မိကွန်ချမ်းက ပြောပါတယ်။

ဒီအကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်သူ့စစ်အဖွဲ့တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒအရ ဆက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လက်နက်ရှိပေမယ့် အရပ်သားတွေပဲဖြစ်တဲ့အတွက် သူတို့ အမှုဖြစ်လာရင် အရပ်ဘက်၊ နယ်ဘက် ဥပဒေအရသာ အရေးယူတယ်၊ တိုင်းစစ်ဌာနချုပ်တွေက နယ်မြေအလိုက်ထားရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကြီးကြပ်တယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကွပ်ကဲတယ်လို့ ပြောပါတယ်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်က ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရတဲ့ ပြည်သူ့စစ်တွေက လိုအပ်ရင် တပ်မတော်ကို လမ်းပြအဖြစ် အထောက်အကူပေးနေတယ်လို့ RFA ကို ပြောခဲ့ဖူးပါတယ်။
Zawgyi
ဓာတ်ပုံ - ကံသာ/ RFA

(ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို တွေ့ရစဉ်)

1 comment:

  1. Use this diet hack to drop 2 lb of fat in just 8 hours

    More than 160 thousand men and women are utilizing a simple and secret "liquids hack" to burn 1-2lbs each night in their sleep.

    It is painless and it works all the time.

    You can do it yourself by following these easy steps:

    1) Hold a clear glass and fill it with water half full

    2) Now use this amazing hack

    you'll become 1-2lbs skinnier in the morning!

    ReplyDelete

My Blog List