Thursday, February 27, 2020

ဝူဟန်က မြန်မာကျောင်းသူ၊ ကျောင်းသားနှစ်ဦးကို အိန္ဒိယ ခေါ်ထုတ်

Image may contain: 4 people, people standing and outdoor
တရုတ်နိုင်ငံ ဝူဟန်မှာ ကျန်နေခဲ့တဲ့ မြန်မာကျောင်းသူ၊ ကျောင်းသား နှစ်ဦးကို အိန္ဒိယနိုင်ငံ လေတပ်က ဘေးကင်း လုံခြုံအောင် ခေါ်ဆောင်လာခဲ့တယ်လို့ ဒီကနေ့၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

လိုအပ်တဲ့ အကူအညီတွေကိုလည်း အိန္ဒိယအစိုးရက စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့တုန်းက မြန်မာအစိုးရက လေယာဉ်စင်းလုံးငှားပြီးတော့ ဝူဟန်ကျောင်းသား ၆၂ ယောက်ကို သွားရောက်ခေါ်ဆောင်ဖို့သွားခဲ့ပါတယ်။
အဲဒီတုန်းက အခုအိန္ဒိယက ခေါ်လာတဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ယောက် ကိုယ်အပူချိန်မြင့်တက်နေလို့ ကျန်နေခဲ့ရတာပါ။ ‌ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးကို ဖျားနာကင်းစင်တဲ့အတွက် နေအိမ်ပြန်သွားကြပါပြီ။
RFA

Unicode

- Zawgyi
~~~~~~~~~~~~~~~

Photo: India in Myanmar (Embassy of India, Yangon)

1 comment:

  1. As reported by Stanford Medical, It's indeed the SINGLE reason this country's women get to live 10 years longer and weigh on average 19 kilos less than we do.

    (By the way, it has NOTHING to do with genetics or some secret-exercise and absolutely EVERYTHING to do with "how" they eat.)

    P.S, I said "HOW", not "what"...

    Tap this link to reveal if this little questionnaire can help you decipher your true weight loss possibilities

    ReplyDelete

My Blog List