Friday, February 28, 2020

မြန်မာနိုင်ငံကို မော်ဒိုက်မှ ICJ တွင် တရားစွဲရန် ပြင်ဆင်မှု မရိုးသားဟု NLD ဆို


Image may contain: 1 person, eyeglasses
မော်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ICJ အထူးတရားရုံးတွင် တရားစွဲရန်ပြင်ဆင်လာမူသည် နိုင်ငံရေးအရ မရိုးသားမူများရှိနေပြီဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကယူဆသည်။
မြန်မာအစိုးရသည် လူမျိုးတုန်းသတ်ဖြတ်မူများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ မော်ဒိုက်နိုင်ငံအနေဖြင့် ICJ အထူးတရားရုံး၌ တရားစွဲရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ယခုလ ၂၇ ရက် တွင်ပြုလုပ်သည့် ကုလသမဂ္ဂအစည်း အဝေး၌ မော်ဒိုက်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည့်အပေါ် လက်ခံနိုင်စရာမရှိကြောင်း ဒေါက် တာမျိုးညွှန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဥပဒေကြောင်းအရ ပထမစွဲပြီးသားအမူကို နောက်တစ်နိုင်ငံက အခုလိုထပ်စွဲလို့ရလားဆိုတာေတာ့ ကျွန်တော် လည်း တိတိကျကျ မသိပါဘူး၊ ဒါပေမယ့် အခုလိုမျိုး အားရှိတယ်ဆိုတိုင်း လုပ်နေတာမျိုးကတော့ လက်ခံနိုင် စရာမရှိပါဘူး၊ ဒါဟာ နိုင်ငံရေးအရ မရိုးသားမူတွေရှိနေပြီဆိုတာတော့ အသေအချာပါပဲ" ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

ရက်စက်မှုတွေခံခဲ့ရတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြသည်)များကို ထောက်ခံသည့်အနေဖြင့် မြန်မာ နိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ကြားဖြတ်ကြေညာမှုတင်သွင်းသွားမည်ဆိုသည့် မော်ဒိုက်အစိုးရ၏ ဆုံးဖြတ်ချက်ကို မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းကြေညာလိုက် ထားသည်။

"စွဲလို့ရတယ်ဆိုတိုင်းစွဲနေတာက လက်ခံနိုင်စရာမရှိသလို ဒီကိစ္စအတွက် တကယ်ပဲ စိတ်ပူတာမျိုးမဟုတ်ဘဲ သက်သက် အင်အားရှိတိုင်း လုပ်ဆောင်နေတဲ့ ပုံစံမျိုးဖြစ်နေပါတယ် "ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်

အဆိုပါတရားစွဲမူအား မော်ဒိုက်နိုင်ငံအနေဖြင့် လူသားချင်းစာနာသောအဖွဲ့မှ နာမည်ကျော် ရှေ့နေ အာမယ် ကလိုနီမှ လျှောက်လဲချက်များ ပေးသွားမည်ဖြစ်ကြောင်းကိုလည်းထုတ်ဖော်ပြောဆိုထားသည်။

ဝေယံမောင်
(unicode)
မြန်မာနိုင်ငံကို မော်ဒိုက်မှ ICJ တွင် တရားစွဲရန် ပြင်ဆင်မှု မရိုးသားဟု NLD ဆို
ရန်ကုန်၊ ဖေဖေါ်ဝါရီ - ၂၈

မော်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ICJ အထူးတရားရုံးတွင် တရားစွဲရန်ပြင်ဆင်လာမူသည် နိုင်ငံရေးအရ မရိုးသားမူများရှိနေပြီဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကယူဆသည်။

မြန်မာအစိုးရသည် လူမျိုးတုန်းသတ်ဖြတ်မူများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ မော်ဒိုက်နိုင်ငံအနေဖြင့် ICJ အထူးတရားရုံး၌ တရားစွဲရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ယခုလ ၂၇ ရက် တွင်ပြုလုပ်သည့် ကုလသမဂ္ဂအစည်း အဝေး၌ မော်ဒိုက်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည့်အပေါ် လက်ခံနိုင်စရာမရှိကြောင်း ဒေါက် တာမျိုးညွှန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဥပဒေကြောင်းအရ ပထမစွဲပြီးသားအမူကို နောက်တစ်နိုင်ငံက အခုလိုထပ်စွဲလို့ရလားဆိုတာတော့ ကြှနျတောျ လညျး တိတိကကြြ မသိပါဘူး၊ ဒါပမေယျ့ အခုလိုမြိုး အားရှိတယျဆိုတိုငျး လုပျနတောမြိုးကတော့ လကျခံနိုငျ စရာမရှိပါဘူး၊ ဒါဟာ နိုငျငံရေးအရ မရိုးသားမူတှရှေိနပွေီဆိုတာတော့ အသေအချာပါပဲ" ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

ရက်စက်မှုတွေခံခဲ့ရတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြသည်)များကို ထောက်ခံသည့်အနေဖြင့် မြန်မာ နိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ကြားဖြတ်ကြေညာမှုတင်သွင်းသွားမည်ဆိုသည့် မော်ဒိုက်အစိုးရ၏ ဆုံးဖြတ်ချက်ကို မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းကြေညာလိုက် ထားသည်။

"စွဲလို့ရတယ်ဆိုတိုင်းစွဲနေတာက လက်ခံနိုင်စရာမရှိသလို ဒီကိစ္စအတွက် တကယ်ပဲ စိတ်ပူတာမျိုးမဟုတ်ဘဲ သက်သက် အင်အားရှိတိုင်း လုပ်ဆောင်နေတဲ့ ပုံစံမျိုးဖြစ်နေပါတယ် "ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်

အဆိုပါတရားစွဲမူအား မော်ဒိုက်နိုင်ငံအနေဖြင့် လူသားချင်းစာနာသောအဖွဲ့မှ နာမည်ကျော် ရှေ့နေ အာမယ် ကလိုနီမှ လျှောက်လဲချက်များ ပေးသွားမည်ဖြစ်ကြောင်းကိုလည်းထုတ်ဖော်ပြောဆိုထားသည်။

ဝေယံမောင်
#peoplemedia

No comments:

Post a Comment

My Blog List