Friday, February 28, 2020

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်က အာဏာယူထား၊ အသာစီးယူထားသည်ဟုယူဆပါက လက်ခံ၍ ရကောင်းရဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဆို

Image may contain: 1 person, sitting
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တပ်မတော်က အာဏာယူထား၊ အသာစီးယူထားသည်ဟုယူဆပါက လက်ခံ၍ ရကောင်းရဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။

တပ်မတော်က ဗီတိုအာဏာ ယူထားတယ်ဆိုသည့် စကားရပ်ကို ကန့်ကွက်ပါကြောင်း တပ်ကိုယ်စားလှယ်က ထကန့်ကွက်ခဲ့စဉ်ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
တပ်ကိုယ်စားလှယ်က "ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ကအာဏာယူထားတယ်ဆိုတာ တပ်မတော်ကအသာစီးယူတယ်ဆိုတဲ့ ပုံစံမျိုးကို ယူဆတာ လက်ခံလို့ ရကောင်းရနိုင်ပေမယ့် ဗီတိုကို တပ်မတော်ကယူတယ်ဆိုတော့ လုံးဝလက်ခံလို့မရပါဘူး။ ဗီတိုဆိုတာထက် ကျနော် ဗီတိုနဲ့ Vote နဲ့ မှားသလားလို့ ဒီလို စဉ်းစားမိပါတယ်" ဟု ပြောသည်။
ဗီတိုအသုံးအနှုန်းကို လွှတ်တော်ထဲ ၄ကြိမ်သုံးခဲ့ကြောင်းပါ နာယကကို ၎င်းက ပြောဆိုတိုင်တန်းခဲ့သည်။
ယင်းအပြင်၎င်းက "ဗီတိုဆိုတဲ့အာဏာကို သုံးတိုင်း သုံးတိုင်းသည် ကျနော်တို့ တပ်မတော်က ဒီမှာယူထားတဲ့ ဖွဲ့စည်းပုံဥပဒေအရယူထားတဲ့ အာဏာကို ၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရယူထားတဲ့ အခွင့်အရေးတွေကို ဒီ့ထက်ပိုပြီးတော့ အဆမတန် ကျနော်တို့ကို အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့ ဂုဏ်သိက္ခာကျစေတဲ့အသုံးအနှုန်းလို့ ယူဆပါတယ်”ဟု နာယကကို ပြောဆိုသည်။
ထို့နောက် “အရင်က တိုင်းရင်းသားကိုယ်စားလှယ်ကြီးဆွေးနွေးသလို ချစ်ကြပါ ချစ်ကြပါလို့ အဓမ္မမတောင်းဆိုပေမယ့် ကျနော်တို့ အမြင်ရှင်းရှင်းနဲ့မျက်စိဖွင့် နားဖွင့်ပြီးတော့ မမုန်းကြပါနဲ့လို့ တင်ပြလိုပါတယ်”ဟုပါ ပြောဆိုသွားသည်။
ကိုမင်း/Myanmar Harp

1 comment:

  1. If you're looking to lose fat then you have to jump on this brand new custom keto plan.

    To create this keto diet service, licensed nutritionists, personal trainers, and cooks have united to develop keto meal plans that are effective, convenient, money-efficient, and delightful.

    Since their grand opening in early 2019, thousands of clients have already transformed their body and health with the benefits a smart keto plan can give.

    Speaking of benefits: in this link, you'll discover 8 scientifically-confirmed ones provided by the keto plan.

    ReplyDelete

My Blog List