Friday, February 28, 2020

ရန်ကုန်မြို့၏ လေထုအရည်အသွေး အဆင့် ၁၀၂ သို့ ရောက်ရှိ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများ သတိပြုရန်လို


Image may contain: 1 person, sitting and eating
လက်ရှိ ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် ဖေဖော်ဝါရီ ၂၆ ရက်တိုင်းတာချက်အရ AQI တန်ဖိုး အဆင့် ၁၀၂ သို့ ရောက်ရှိနေပြီး သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် ကျန်းမာရေးမကောင်းသူများ သတိပြုရန်လိုအပ်သည့်အဆင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောဆိုသည်။
အဆိုပါ လေထုအရည်အသွေးသတ်မှတ်ချက်တွင် အဆင့် ၁၀၁ နှင့် ၁၅၀ ကြားသည် လေထုညစ်ညမ်းမှုကို ခံနိုင်ရည်နည်းပါးသူ သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် ကျန်းမာရေးမကောင်းသူများ ထိခိုက်နိုင်ခြေရှိပြီး ယေဘုယျအားဖြင့် သာမန်လူများအတွက် ကျန်းမာရေးထိခိုက်နိုင်ခြေမရှိကြောင်း ဦးကျော်မိုးဦးက ပြောဆိုသည်။

'အဓိကကတော့ လေအရည်အသွေး ကျလာပြီဆိုရင် ပထမဦးဆုံးအနေနဲ့တော့ ၁၀၀ နဲ့ ၁၅၀ အတွင်းဆိုရင် အသက်အရွယ်ကြီးတဲ့သူတွေ၊ နောက် ကလေးသူငယ်တွေကနေ စပြီးတော့ သတိပြုဖို့ လိုလာပြီပေါ့နော်။ ပုံမှန်လူ၊ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ကတော့ ဒီ ၁၀၀ ကျော်အဆင့်ကတော့ သိပ်ပြဿနာမရှိဘူးပေါ့။ ပေကျင်းတို့ ဗန်ကောက်တို့ဆိုရင်တော့ လေအရည်အသွေးက ၁၅၀၊ ၂၀၀ နီးပါးလောက်ကို ရှိတဲ့အနေအထားမျိုးတွေလည်း ရှိတယ်။ အဓိကကတော့ လေအရည်အသွေးကျဆင်းလာပြီဆိုရင်တော့ သတိပြုတာအကောင်းဆုံးပါပဲ' ဟု ၎င်းက ပြောဆိုသည်။

ထိုလေထုအရည်အသွေးအညွှန်းကိန်းသည် လေထုထဲတွင် အမှုန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အမှုန်အမွှားများ မည်မျှပါဝင်နေနိုင်သည်ဟူသည့်အချက်ကို တိုင်းတာခြင်းဖြစ်ပြီး သန့်ရှင်းသောလေထုနှင့် မသန့်ရှင်းသော လေထုဟူ၍ ခွဲခြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

'လေအရည်အသွေး ကျဆင်းလာပြီဆို အပြင်ထွက်ရင် နှာခေါင်းစည်းတပ်တာတို့ ဆောင်ရွက်ဖို့ လိုလာတဲ့ အနေအထားမျိုးပေါ့။ နောက်တစ်ချက်က ယာဉ်ကြောတွေထူတဲ့ အချိန်မျိုးဆိုရင် အပြင်သွားတာမျိုး၊ ကိုယ့်ကိစ္စ သိပ်အရေးမကြီးရင် ရှောင်လို့ရတာမျိုးဆို ရှောင်သင့်တယ်'ဟု ဦးကျော်မိုးဦးက ပြောဆိုသည်။

ယင်းကဲ့သို့ လေထုညစ်ညမ်းလာခြင်းသည် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ၊ green of gass ထုတ်လွှတ်မှုများ များပြားလာခြင်းကြောင့် ဖြစ်သလို ဘင်္ဂလားပင်လယ်အော်ထဲမှ တိုးဝင်လာသည့် တိမ်တိုက်များရှိနေခြင်းကြောင့်လည်း မှန်လုံအိမ်အာနိသင်အရ လေအရည်အသွေး ကျဆင်းခြင်းများ ဖြစ်နိုင်ပြီး ဒီဇယ်ကားများ၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် မီးခိုးများကြောင့်လည်း လေထုအရည်အသွေးကျဆင်းနိုင်ကြောင်း သိရသည်။

လေထုအရည်အသွေး တိုင်းတာရာတွင် အရောင်ခြောက်မျိုး သတ်မှတ်ထားပြီး အစိမ်းရောင်အဆင့် သုည မှ ၅၀ အထိသည် လေထုညစ်ညမ်းမှုမရှိဖြစ်ပြီး အဝါရောင်အဆင့် ၅၀ မှ ၁၀၀ သည် လေထုညစ်ညမ်းမှုအား ခံနိုင်ရည် နည်းပါးသည့် အချို့လူများအတွက် ကျန်းမာရေး ထိခိုက်နိုင်ဖွယ် အသင့်အတင့်ရှိကြောင်း သိရသည်။

လိမ္မော်ရောင်အဆင့် ၁၀၀ မှ ၁၅၀ သည် လေထုညစ်ညမ်းမှုကို ခံနိုင်ရည်နည်းပါးသူများ ကျန်းမာရေးထိခိုက်နိုင်သော်လည်း ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိသည့် အဆင့်ဖြစ်ကာ အနီရောင်အဆင့် ၁၅၀ မှ၂၀၀ သည် လူတိုင်းကျန်းမာရေး ထိခိုက်မှုမျိုးကြုံတွေ့နိုင်ပြီး လေထုညစ်ညမ်းမှုကို ခံနိုင်ရည် နည်းပါးသော အုပ်စုများအနေဖြင့် ကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်းသိရသည်။

ခရမ်းရောင်အဆင့် ၂၀၁ မှ ၃၀၀ သည် ကျန်းမာရေး အသိပေးချက်ဖြစ်၍ လူတိုင်းကျန်းမာရေး ပိုမိုထိခိုက်နိုင်ပြီး နီညိုရောင်အဆင့် ၃၀၁ မှ ၅၀၀ သည် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သတိပေးရမည့်အခြေအနေဖြစ်ကာ လူထုတစ်ရပ်လုံး ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများကြောင်း သိရသည်။

သတင်း - စိုးစိုးစံ
ဓာတ်ပုံ - ဦးကျော်မိုးဦး ဖေ့စ်ဘွတ်ခ်
(Zawgyi Version)
ရန်ကုန်မြို့၏ လေထုအရည်အသွေး အဆင့် ၁၀၂ သို့ ရောက်ရှိ
သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများ သတိပြုရန်လို

လက်ရှိ ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် ဖေဖော်ဝါရီ ၂၆ ရက်တိုင်းတာချက်အရ AQI တန်ဖိုး အဆင့် ၁၀၂ သို့ ရောက်ရှိနေပြီး သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် ကျန်းမာရေးမကောင်းသူများ သတိပြုရန်လိုအပ်သည့်အဆင့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောဆိုသည်။

အဆိုပါ ေလထုအရည္အေသြးသတ္မွတ္ခ်က္တြင် အဆင့် ၁၀၁ နှင့် ၁၅၀ ကြားသည် လေထုညစ်ညမ်းမှုကို ခံနိုင်ရည်နည်းပါးသူ သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် ကျန်းမာရေးမကောင်းသူများ ထိခိုက်နိုင်ခြေရှိပြီး ယေဘုယျအားဖြင့် သာမန်လူများအတွက် ကျန်းမာရေးထိခိုက်နိုင်ခြေမရှိကြောင်း ဦးကျော်မိုးဦးက ပြောဆိုသည်။

'အဓိကကတော့ လေအရည်အသွေး ကျလာပြီဆိုရင် ပထမဦးဆုံးအနေနဲ့တော့ ၁၀၀ နဲ့ ၁၅၀ အတွင်းဆိုရင် အသက်အရွယ်ကြီးတဲ့သူတွေ၊ နောက် ကလေးသူငယ်တွေကနေ စပြီးတော့ သတိပြုဖို့ လိုလာပြီပေါ့နော်။ ပုံမှန်လူ၊ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ကတော့ ဒီ ၁၀၀ ကျော်အဆင့်ကတော့ သိပ်ပြဿနာမရှိဘူးပေါ့။ ပေကျင်းတို့ ဗန်ကောက်တို့ဆိုရင်တော့ လေအရည်အသွေးက ၁၅၀၊ ၂၀၀ နီးပါးလောက်ကို ရှိတဲ့အနေအထားမျိုးတွေလည်း ရှိတယ်။ အဓိကကတော့ လေအရည်အသွေးကျဆင်းလာပြီဆိုရင်တော့ သတိပြုတာအကောင်းဆုံးပါပဲ' ဟု ၎င်းက ပြောဆိုသည်။

ထိုလေထုအရည်အသွေးအညွှန်းကိန်းသည် လေထုထဲတွင် အမှုန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အမှုန်အမွှားများ မည်မျှပါဝင်နေနိုင်သည်ဟူသည့်အချက်ကို တိုင်းတာခြင်းဖြစ်ပြီး သန့်ရှင်းသောလေထုနှင့် မသန့်ရှင်းသော လေထုဟူ၍ ခွဲခြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

'လေအရည်အသွေး ကျဆင်းလာပြီဆို အပြင်ထွက်ရင် နှာခေါင်းစည်းတပ်တာတို့ ဆောင်ရွက်ဖို့ လိုလာတဲ့ အနေအထားမျိုးပေါ့။ နောက်တစ်ချက်က ယာဉ်ကြောတွေထူတဲ့ အချိန်မျိုးဆိုရင် အပြင်သွားတာမျိုး၊ ကိုယ့်ကိစ္စ သိပ်အရေးမကြီးရင် ရှောင်လို့ရတာမျိုးဆို ရှောင်သင့်တယ်'ဟု ဦးကျော်မိုးဦးက ပြောဆိုသည်။

ယင်းကဲ့သို့ လေထုညစ်ညမ်းလာခြင်းသည် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ေငွ့များ၊ green of gass ထုတ်လွှတ်မှုများ များပြားလာခြင်းကြောင့် ဖြစ်သလို ဘင်္ဂလားပင်လယ်အော်ထဲမှ တိုးဝင်လာသည့် တိမ်တိုက်များရှိနေခြင်းကြောင့်လည်း မှန်လုံအိမ်အာနိသင်အရ လေအရည်အသွေး ကျဆင်းခြင်းများ ဖြစ်နိုင်ပြီး ဒီဇယ်ကားများ၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် မီးခိုးများကြောင့်လည်း လေထုအရည်အသွေးကျဆင်းနိုင်ေြကာင်း သိရသည်။

လေထုအရည်အသွေး တိုင်းတာရာတွင် အရောင်ခြောက်မျိုး သတ်မှတ်ထားပြီး အစိမ်းရောင်အဆင့် သုည မှ ၅၀ အထိသည် လေထုညစ်ညမ်းမှုမရှိဖြစ်ပြီး အဝါရောင်အဆင့် ၅၀ မှ ၁၀၀ သည် လေထုညစ်ညမ်းမှုအား ခံနိုင်ရည် နည်းပါးသည့် အချို့လူများအတွက် ကျန်းမာရေး ထိခိုက်နိုင်ဖွယ် အသင့်အတင့်ရှိကြောင်း သိရသည်။

လိမ္မော်ရောင်အဆင့် ၁၀၀ မှ ၁၅၀ သည် လေထုညစ်ညမ်းမှုကို ခံနိုင်ရည်နည်းပါးသူများ ကျန်းမာရေးထိခိုက်နိုင်သော်လည်း ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိသည့် အဆင့်ဖြစ်ကာ အနီရောင်အဆင့် ၁၅၀ မှ၂၀၀ သည် လူတိုင်းကျန်းမာရေး ထိခိုက်မှုမျိုးကြုံတွေ့နိုင်ပြီး လေထုညစ်ညမ်းမှုကို ခံနိုင်ရည် နည်းပါးသော အုပ်စုများအနေဖြင့် ကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်းသိရသည်။

ခရမ်းရောင်အဆင့် ၂၀၁ မှ ၃၀၀ သည် ကျန်းမာရေး အသိပေးချက်ဖြစ်၍ လူတိုင်းကျန်းမာရေး ပိုမိုထိခိုက်နိုင်ပြီး နီညိုရောင်အဆင့် ၃၀၁ မှ ၅၀၀ သည် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သတိပေးရမည့်အခြေအနြေဖစ်ကာ လူထုတစ်ရပ်လုံး ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများကြောင်း သိရသည်။

သတင်း - စိုးစိုးစံ
ဓာတ်ပုံ - ဦးကျော်မိုးဦး ဖေ့စ်ဘွတ်ခ်

1 comment:

  1. You should see how my buddy Wesley Virgin's story starts with this SHOCKING AND CONTROVERSIAL VIDEO.

    You see, Wesley was in the army-and shortly after leaving-he revealed hidden, "mind control" secrets that the government and others used to get everything they want.

    As it turns out, these are the same SECRETS tons of famous people (notably those who "come out of nowhere") and top business people used to become wealthy and famous.

    You probably know that you utilize only 10% of your brain.

    That's because most of your brainpower is UNCONSCIOUS.

    Perhaps this conversation has even occurred IN YOUR own mind... as it did in my good friend Wesley Virgin's mind around 7 years ago, while driving a non-registered, trash bucket of a car without a license and with $3 in his pocket.

    "I'm so frustrated with going through life payroll to payroll! When will I get my big break?"

    You've taken part in those thoughts, am I right?

    Your success story is going to start. You need to start believing in YOURSELF.

    Take Action Now!

    ReplyDelete

My Blog List