Monday, February 24, 2020

မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကိစ္စရပ်များအား ရှိနေကြောင်း နိုင်ငံတကာမှ မှတ်ချက်ပြုထားသည့်အတွက် ပြည်ထဲရေး၊ဗဟိုဘဏ်၊သက်ဆိုင်ရာအဖွဲ့များပူးပေါင်းြပီးကြပ်မတ်မည်ဟုပြော


Image may contain: 1 person, sitting
မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကိစ္စရပ်များအား ရှိနေကြောင်း နိုင်ငံတကာမှ မှတ်ချက်ပြုထားသည့်အတွက် ပြည်ထဲရေး၊ဗဟိုဘဏ်၊သက်ဆိုင်ရာအဖွဲ့များပူးပေါင်းပြီးကြပ်မတ်မည်ဟုပြော စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင်ပြောကြားလိုက်သည်။
ယခုရက်ထဲ ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သော ဒုသမ္မတဦးစီးသည့်အဖွဲ့နှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲအတွင်း စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောကြားလိုက်ခြင်းဖြစ်သည်။ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကိစ္စရပ်များအား မြန်မာကိုင်တွယ်မှု အလွန်အားနည်းပျော့ညံ့ဟု နိုင်ငံတကာက မှတ်ချက်ပေးထားသည့်အကြောင်းနှင့်ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့ရေးတိုက်ဖျက်ရေးကိစ္စအပေါ် မြန်မာ အလွန်အားနည်းသည့်အကြောင်း အချက်၉၉ချက်ဖြင့်စွပ်စွဲကာ မြန်မာနိုင်ငံကို မီးခိုးရောင်စာရင်းထဲထည့်ရန် နိုင်ငံတကာကအကဲခတ်ကြိုးပမ်းနေကြောင်းပါ ဝန်ကြီးက အသိပေးပြောကြားခဲ့ကြောင်းလည်းသိရသည်။

နိုင်ငံတကာဘက်က ထိုသို့သောကြိုးပမ်းနေမှုများကြောင့် မြန်မာက ရရှိသည့် အချိန်ရက် ၆၀နှင့် ၇၀အတွင်း လိုက်လံရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရသည်ဟု ဝန်ကြီးကဆက်ပြောသည်။နောက်ဆုံး ဘေဂျင်းတွင်ပြုလုပ်သည်​ြ ဆွေးနွေးပွဲတွင် ပထမအဆင့်အနေဖြင့် စွပ်စွဲချက် ၉၉ချက်မှ ၄၄ချက်အထိလျှော့ချခံခဲ့ရကာ၊အဆုံးသတ် ၁၂ချက်သာ ဆောင်ရွက်ရတော့မည်ဟု ဝန်ကြီးက ရှင်းပြခဲ့သည်။

"မြန်မာနိုင်ငံက ပျော့ညံ့လွန်းတယ်ဆိုပြီးတော့ ၁၂ချက်သတ်မှတ်ပေးပါတယ်။အမှန်က ၁၄ချက်ပါ။ဆောင်ရွက်ပြီးတဲ့အချက် ၂ချက်ပါပြီးတဲ့အတွက် ၁၂ချက်ပဲဆောင်ရွက်ရပါတော့မယ်။အဓိကကဘာလဲဆိုတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းမှာအလွန်အားနည်းတယ်ဆိုတာပါပဲ"ဟု ဝန်ကြီးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၉နိုဝင်ဘာလအတွင်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ငွေကြေးခဝါချ မှုနှင့်အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့ခြင်းဆိုင်ရာကိစ္စရပ်များကို တိုက်ဖျက်ရန် အမိန့်ကြေငြာစာထုတ်ဥပဒေပြဌာန်းကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာတိုးပေးခဲ့ပြီးဖြစ်သည်ဟုသိရသည်။

ယင်းအပြင် ဗဟိုဘဏ်အပါအဝင် ဆက်စပ်အဖွဲ့အစည်းများကလည်း အမိန့်ကြေငြာစာများဖြင့် ညွှန်ကြားချက်များထုတ်ကာ နိုင်ငံတော်သမ္မတ၏ဆောင်ရွက်မှု အောင်မြင်စေရန် အားဖြည့်ပေးခဲ့ကြသကဲ့သို့ နိုင်ငံတော်အဆင့်ကလည်း ငွေကြေးခဝါချ မှုနှင့်အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့ခြင်းဆိုင်ရာကိစ္စရပ်များကိုကိုင်တွယ်ရန် ဗဟိုအဖွဲ့များဖွဲ့ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းလည်းသိရသည်။

Ref-Myanmar Harp
>>Zawgyi<<
မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကိစ္စရပ်များအား ရှိနေကြောင်း နိုင်ငံတကာမှ မှတ်ချက်ပြုထားသည့်အတွက် ပြည်ထဲရေး၊ဗဟိုဘဏ်၊သက်ဆိုင်ရာအဖွဲ့များပူးပေါင်းပြီးကြပ်မတ်မည်ဟုပြော
Monday , February 24 , 2020
မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကိစ္စရပ်များအား ရှိနေကြောင်း နိုင်ငံတကာမှ မှတ်ချက်ပြုထားသည့်အတွက် ပြည်ထဲရေး၊ဗဟိုဘဏ်၊သက်ဆိုင်ရာအဖွဲ့များပူးပေါင်းပြီးကြပ်မတ်မည်ဟုပြော စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင်ပြောကြားလိုက်သည်

ယခုရက်ထဲ ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သော ဒုသမ္မတဦးစီးသည့်အဖွဲ့နှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲအတွင်း စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောကြားလိုက်ခြင်းဖြစ်သည်။ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကိစ္စရပ်များအား မြန်မာကိုင်တွယ်မှု အလွန်အားနည်းပျော့ညံ့ဟု နိုင်ငံတကာက မှတ်ချက်ပေးထားသည့်အကြောင်းနှင့်ငွေကြေးခဝါချမှုနှင့်အြကမ်းဖက်မှုအားငွေကြေးထောက်ပံ့ရေးတိုက်ဖျက်ရေးကိစ္စအပေါ် မြန်မာ အလွန်အားနည်းသည့်အကြောင်း အချက်၉၉ချက်ဖြင့်စွပ်စွဲကာ မြန်မာနိုင်ငံကို မီးခိုးရောင်စာရင်းထဲထည့်ရန် နိုင်ငံတကာကအကဲခတ်ကြိုးပမ်းနေကြောင်းပါ ဝန်ကြီးက အသိပေးပြောကြားခဲ့ကြောင်းလည်းသိရသည်။

နိုင်ငံတကာဘက်က ထိုသို့သောကြိုးပမ်းနေမှုများကြောင့် မြန်မာက ရရှိသည့် အချိန်ရက် ၆၀နှင့် ၇၀အတွင်း လိုက်လံရှင်းလင်းခြင်းများေဆာင်ရွက်ခဲ့ရသည်ဟု ဝန်ကြီးကဆက်ပြောသည်။နောက်ဆုံး ဘေဂျင်းတွင်ပြုလုပ်သည်ြ ဆွေးနွေးပွဲတွင် ပထမအဆင့်အနေဖြင့် စွပ်စွဲချက် ၉၉ချက်မှ ၄၄ချက်အထိလျှော့ချခံခဲ့ရကာ၊အဆုံးသတ် ၁၂ချက်သာ ဆောင်ရွက်ရတော့မည်ဟု ဝန်ကြီးက ရှင်းပြခဲ့သည်။

"မြန်မာနိုင်ငံက ပျော့ညံ့လွန်းတယ်ဆိုပြီးတော့ ၁၂ချက်သတ်မှတ်ပေးပါတယ်။အမှန်က ၁၄ချက်ပါ။ဆောင်ရွက်ပြီးတဲ့အချက် ၂ချက်ပါပြီးတဲ့အတွက် ၁၂ချက်ပဲဆောင်ရွက်ရပါတော့မယ်။အဓိကကဘာလဲဆိုတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းမှာအလွန်အားနည်းတယ်ဆိုတာပါပဲ"ဟု ဝန်ကြီးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၉နိုဝင်ဘာလအတွင်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ငွေကြေးခဝါချ မှုနှင့်အကြမ်းဖက်မှုအားငွေေြကးထောက်ပံ့ခြင်းဆိုင်ရာကိစ္စရပ်များကို တိုက်ဖျက်ရန် အမိန့်ကြေငြာစာထုတ်ဥပဒေပြဌာန်းကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာတိုးပေးခဲ့ပြီးဖြစ်သည်ဟုသိရသည်။

ယင်းအပြင် ဗဟိုဘဏ်အပါအဝင် ဆက်စပ်အဖွဲ့အစည်းများကလည်း အမိန့်ကြေငြာစာများဖြင့် ညွှန်ကြားချက်များထုတ်ကာ နိုင်ငံတော်သမ္မတ၏ဆောင်ရွက်မှု အောင်မြင်စေရန် အားဖြည့်ပေးခဲ့ကြသကဲ့သို့ နိုင်ငံတော်အဆင့်ကလည်း ငွေကြေးခဝါချ မှုနှင့်အကြမ်းဖက်မှုအားငွေေြကးထောက်ပံ့ခြင်းဆိုင်ရာကိစ္စရပ်များကိုကိုင်တွယ်ရန် ဗဟိုအဖွဲ့များဖွဲ့ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းလည်းသိရသည်။

Ref-Myanmar Harp 

No comments:

Post a Comment

My Blog List