Thursday, February 27, 2020

မေသန်းနုအမှု အမှန်တရားအတွက် ဥပဒေအရ ရင်ဆိုင်မည်ဟု စင်ရော်မောင်မောင်ပြောဆို

Image may contain: 1 person
မေသန်းနုထံမှ ရရန်ရှိသည်ဆိုသော ငွေများကို တရားစွဲတောင်းဆိုနေသည့် ဒေါ်စန်းစန်းမြင့်ထံ ငွေပေးဆပ်ရန် အကြိမ်ကြိမ်ညှိနှိုင်းသော်လည်း လက်ခံခြင်းမရှိသည်မှာ တခြားရည်ရွယ်ချက်ရှိသည်ဟု ယူဆသဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာစင်ရော်မောင်မောင်က ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ Zin Yaw Maung Maung Entertainment ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒါရိုက်တာ စင်ရော်မောင်မောင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် တရားလို ဒေါ်စန်းစန်းမြင့်ဆိုသူက သရုပ်ဆောင် မေသန်းနုကို ရန်ကင်းတရားရုံးတွင် စွဲဆိုသောအမှု၊ ကမာရွတ်တွင် ရင်ဆိုင်နေရသော အမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ နောက်တိုးတရားခံအဖြစ် ထပ်မံထည့်သွင်း တရားစွဲဆိုခဲ့ခြင်းအပေါ် နှစ်ဖက်ပြေလည်မှုရရှိစေရန် ကြားဝင်ဖြေရှင်းပေးခဲ့သည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ ၎င်းက ရှင်းပြခဲ့သည်။

'ကျွန်တော် အင်းစိန်ထောင်ရောက်သွားတဲ့အချိန် ရင်ထဲမှာ အလွန်ဆို့နင့်ဖို့ ကောင်းတဲ့မြင်ကွင်းကို တွေ့ရတယ်။ သားနဲ့အမေ အခြေအနေပေါ့။ ကျွန်တော့်သားအတွက် စိတ်မကောင်းဘူး။ နောက် သူ့အတွက်လည်း စိတ်မကောင်းဘူး။ ဒီလောက် အကယ်ဒမီ ငါးဆုရှင်က ဒီလိုမျိုး အင်းစိန်ထောင်ကြီးထဲမှာ အချုပ်အနှောင်နဲ့ဆိုတော့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဒီအမှုကို ကျွန်တော် ဝင်ဖြေရှင်းမယ်။ ကျွန်တော် အစွမ်းကုန် မီးကုန်ယမ်းကုန် ကျွန်တော့်ရှိတာ လုပ်မယ်ဆိုပြီးတော့ပေါ့။ အဓိက ကျွန်တော့်သားကိုချစ်လို့ပါ'ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က မီဒီယာများအား ပြောဆိုသည်။

တရားလို ဒေါ်စန်းစန်းမြင့်က ၂၀၁၇ ခုနှစ်တွင် စွဲဆိုခဲ့သော ရာကြီးမှု အမှတ်(၂၇၅/၂၀၁၇) အရ တရားပြိုင် ဦးသူခက်အား ပုဒ်မ-၄၂၀ ဖြင့် ဦးတိုက် လျှောက်ထားမှုတွင် နောက်တိုးတရားခံအဖြစ် ဒေါ်သန်းသန်းဆင့်(ခ)မေသန်းနုအား စွဲဆိုသည့်အမှုကို ဖေဖော်ဝါရီ ၂၇ ရက် (ယနေ့)တွင် သင်္ဃန်းကျွန်းမြို့နယ် တွဲဖက်တရားသူကြီး (၃) တရားခွင်တွင် စတင်ကြားနာမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ - နှင်းစုမွန်
(Zawgyi Version)

1 comment:

  1. You should see how my associate Wesley Virgin's adventure launches with this SHOCKING and controversial VIDEO.

    You see, Wesley was in the army-and shortly after leaving-he found hidden, "mind control" tactics that the government and others used to get whatever they want.

    THESE are the EXACT same methods many famous people (especially those who "come out of nowhere") and the greatest business people used to become rich and successful.

    You've heard that you only use 10% of your brain.

    That's mostly because the majority of your BRAINPOWER is UNTAPPED.

    Perhaps this thought has even occurred INSIDE OF YOUR own brain... as it did in my good friend Wesley Virgin's brain 7 years back, while driving an unlicensed, trash bucket of a car with a suspended license and $3 in his bank account.

    "I'm very fed up with living paycheck to paycheck! When will I become successful?"

    You've been a part of those those questions, am I right?

    Your success story is going to be written. You need to start believing in YOURSELF.

    CLICK HERE TO LEARN WESLEY'S SECRETS

    ReplyDelete

My Blog List