Friday, February 28, 2020

အိန္ဒိယနိုင်ငံ အင်ဖာနှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှစ၍ ပြုလုပ်မည်

Image may contain: bus, sky and outdoor
အိန္ဒိယနိုင်ငံ အင်ဖာနှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှစ၍ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်၏ အိန္ဒိယချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြေညာချက်များအရ သိရသည်။

ဘက်စ်ကားလိုင်းပြေးဆွဲမှုအပေါ် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြကြောင်း ကြေညာချက်ထဲထည့်သွင်းဖော်ပြထားသည်ကိုလည်းတွေ့ရသည်။
မန္တလေး - အင်ဖာ (အိန္ဒိယ) ခရီးစဉ်ကို ရွှေမန္တလာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး နှင့် M/S Seven Sisters Co ltd ( Imphal, India ) တို့ ပူးပေါင်းကာ ဆောင်ရွက်မည်ဟု ရွှေမန္တလာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးဇင်လင်းထွန်းက ပြောသည်။
“အခုလိုမျိုး ပြေးဆွဲခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။နှစ်နိုင်ငံအကျိူးရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တာကြောင့် အကျိုးရလဒ်ကောင်းတွေ ဖြစ်ထွန်းပေါ်ပေါက်လာမှာပါ”ဟု ပြောသည်။
ပြေးဆွဲမည့် လမ်းကြောင်းသည် မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး-တမူး-အင်ဖာဖြစ်ကာ ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀ လျယထားသတ်မှတ်ထားသည်ဟု သိရသည်။
အချိန်အားဖြင့် ၁၇နာရီ ကြာမြင့်နိုင်မည်ဟုလည်းသိရသည်။
Image may contain: 2 people
Image may contain: 2 people, people standing and outdoor
Image may contain: 5 people, people sitting and indoor
ကိုမင်း/Myanmar Harp

1 comment:

  1. According to Stanford Medical, It's really the ONLY reason this country's women live 10 years more and weigh an average of 19 KG less than us.

    (Just so you know, it has totally NOTHING to do with genetics or some secret-exercise and EVERYTHING about "HOW" they are eating.)

    P.S, What I said is "HOW", and not "what"...

    Tap this link to reveal if this quick test can help you find out your true weight loss possibilities

    ReplyDelete

My Blog List