Thursday, February 27, 2020

ပဲခူးတိုင်း မေးခွန်းပေါက်ကြားမှု စုံစမ်းနေ

No photo description available.
ပဲခူးတိုင်းဒေသကြီးတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း မေးခွန်းလွှာများကို ပညာရေး-ပဲခူးတိုင်းဒေသကြီးအမည်ရှိ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြိုတင်ပေါက် ကြားကာ တင်နေမှုများနှင့်ပတ်သက်ပြီး အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများကို ယင်းတိုင်းဒေသကြီးသို့ စေလွှတ် ကာ စစ်ဆေးခိုင်းနေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုသည်။

"အဲဒီလိုတွေ့လို့ ညကတည်းက ကျွန်တော်တို့ ဦးစီး ဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးမှူး တစ်ယောက်ကို ပဲခူးတိုင်းဒေသ ကြီးကို လွှတ်ထားတယ်။ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေး မှူးရုံးကို ညကတည်းက ဆက်သွယ်ပြီးတော့ ညကတည်းက ဒါ ဘယ်ကထွက်တာလဲ။ ဘယ်က ပေါက်တာလဲဆိုတာကို လိုက်နေတာပေါ့။ အဲဒါကတော့ ဒီဟာ ဘယ်ကတက်လာလဲ ဆိုတာကို ဆရာတို့လိုက်ရမှာဖြစ်ပါတယ်။ မေးခွန်းတွေက ကြိုပြီးတော့ စာမေးပွဲစင်တာရှိတဲ့ ကျောင်းတွေကို စစ်ပြီး ပေးထားတာ။ ဒါကို ဘယ်က ထွက်တာလဲဆိုတာကို လိုက်ပြီး တော့ကြည့်ရမယ်"ဟု ၎င်းက ပြောဆိုသည်။
ပညာရေး- ပဲခူးတိုင်းဒေသကြီးအမည်ရှိ ဖေစ့်ဘွတ်ခ်စာမျက်နှာတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ စတင်ကျင်းပသည့် ဖေဖော်ဝါရီ ၂၄ ရက်ကပင် အဋ္ဌမတန်းမြန်မာစာမေးခွန်း၊ အင်္ဂလိပ်စာမေးခွန်းကို ကြိုတင်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ရက်တွင် အဋ္ဌမတန်း သင်္ချာ၊ စတုတ္ထတန်းသင်္ချာမေးခွန်းလွှာ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် အဋ္ဌမတန်းပထဝီဝင်နှင့် သမိုင်းမေးခွန်းလွှာများကို ကြိုတင်၍ တင်ထားသည်ကို တွေ့ရသည်။
"မေးခွန်းက အမှန်တကယ်ပေါက်တယ်ဆိုရင်တော့ မေးခွန်းဘယ်ကပေါက်လဲဆိုတာကို ဆရာတို့ စိစစ်ပြီးတော့ အရေးယူရမှာပေါ့။ တရားဝင်မေးခွန်းကတော့ မေးခွန်းလုံခြုံရေးတာဝန်ယူထားတဲ့ သူကနေတစ်ဆင့်ပေါက်ပြီးတော့ အွန်လိုင်းပေါ်မှာ တင်တာလို့ စိစစ်တွေ့ရရင်တော့ အရေးယူခံရမှာပေါ့။ တစ်ခုရှိတာကတော့ ပဲခူးတိုင်းဒေသကြီးကမေးခွန်းပေါက်သွားတာဖြစ်တဲ့အတွက် ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး ယှဉ်လိုက်ရင်သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့။ သူတို့က မေးခွန်းပေါက်ပြီးတော့ သူများတိုင်းဒေသကြီးနဲ့ ပြည်နယ်နဲ့ ယှဉ်လိုက်ရင် အေအဆင့်တွေများနေရင်တော့လည်း ဒါကတော့မေးခွန်းပေါက်လို့ ဖြစ်တယ်လို့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။ ကျန်တာကတော့ဒီလောက်ထိသက်ရောက်မှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ မေးခွန်းပေါက်ကြားခြင်း မှန်ကန်ပါကလည်း ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှုကို မည်မျှရှိသည်ကို စစ်ဆေးခြင်းဖြစ်ပြီး အောင်ခြင်း၊ရှုံးခြင်းကို ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအပေါ်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
မေးခွန်းများတင်နေသည့် အကောင့်ပိုင်ရှင့်သည် အစိုးရဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အိဟေမာ
The Standard Time Daily
(Zawgyi Version)
ပဲခူးတိုင်း မေးခွန်းပေါက်ကြားမှု စုံစမ်းနေ
ပဲခူးတိုင်းဒေသကြီးတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း မေးခွန်းလွှာများကို ပညာရေး-ပဲခူးတိုင်းဒေသကြီးအမည်ရှိ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြိုတင်ပေါက် ကြားကာ တင်နေမှုများနှင့်ပတ်သက်ပြီး အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများကို ယင်းတိုင်းဒေသကြီးသို့ စေလွှတ် ကာ စစ်ဆေးခိုင်းနေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုသည်။
"အဲဒီလိုတွေ့လို့ ညကတည်းက ကျွန်တော်တို့ ဦးစီး ဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးမှူး တစ်ယောက်ကို ပဲခူးတိုင်းဒေသ ကြီးကို လွှတ်ထားတယ်။ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေး မှူးရုံးကို ညကတည်းက ဆက်သွယ်ပြီးတော့ ညကတည်းက ဒါ ဘယ်ကထွက်တာလဲ။ ဘယ်က ပေါက်တာလဲဆိုတာကို လိုက်နေတာပေါ့။ အဲဒါကတော့ ဒီဟာ ဘယ်ကတက်လာလဲ ဆိုတာကို ဆရာတို့လိုက်ရမှာဖြစ်ပါတယ်။ မေးခွန်းတွေက ကြိုပြီးတော့ စာမေးပွဲစင်တာရှိတဲ့ ကျောင်းတွေကို စစ်ပြီး ပေးထားတာ။ ဒါကို ဘယ်က ထွက်တာလဲဆိုတာကို လိုက်ပြီး တော့ကြည့်ရမယ်"ဟု ၎င်းက ပြောဆိုသည်။
ပညာရေး- ပဲခူးတိုင်းဒေသကြီးအမည်ရှိ ဖေစ့်ဘွတ်ခ်စာမျက်နှာတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ စတင်ကျင်းပသည့် ဖေဖော်ဝါရီ ၂၄ ရက်ကပင် အဋ္ဌမတန်းမြန်မာစာမေးခွန်း၊ အင်္ဂလိပ်စာမေးခွန်းကို ကြိုတင်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ရက်တွင် အဋ္ဌမတန်း သချင်္ာ၊ စတုတ္ထတန်းသချင်္ာမေးခွန်းလွှာ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် အဋ္ဌမတန်းပထဝီဝင်နှင့် သမိုင်းမေးခွန်းလွှာများကို ကြိုတင်၍ တင်ထားသည်ကို တွေ့ရသည်။
"မေးခွန်းက အမှန်တကယ်ပေါက်တယ်ဆိုရင်တော့ မေးခွန်းဘယ်ကပေါက်လဲဆိုတာကို ဆရာတို့ စိစစ်ပြီးတော့ အရေးယူရမှာပေါ့။ တရားဝင်မေးခွန်းကတော့ မေးခွန်းလုံခြုံရေးတာဝန်ယူထားတဲ့ သူကနေတစ်ဆင့်ပေါက်ပြီးတော့ အွန်လိုင်းပေါ်မှာ တင်တာလို့ စိစစ်တွေ့ရရင်တော့ အရေးယူခံရမှာပေါ့။ တစ်ခုရှိတာကတော့ ပဲခူးတိုင်းဒေသကြီးကမေးခွန်းပေါက်သွားတာဖြစ်တဲ့အတွက် ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး ယှဉ်လိုက်ရင်သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့။ သူတို့က မေးခွန်းပေါက်ပြီးတော့ သူများတိုင်းဒေသကြီးနဲ့ ပြည်နယ်နဲ့ ယှဉ်လိုက်ရင် အေအဆင့်တွေများနေရင်တော့လည်း ဒါကတော့မေးခွန်းပေါက်လို့ ဖြစ်တယ်လို့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။ ကျန်တာကတော့ဒီလောက်ထိသက်ရောက်မှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ မေးခွန်းပေါက်ကြားခြင်း မှန်ကန်ပါကလည်း ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှုကို မည်မျှရှိသည်ကို စစ်ဆေးခြင်းဖြစ်ပြီး အောင်ခြင်း၊ရှုံးခြင်းကို ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအပေါ်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
မေးခွန်းများတင်နေသည့် အကောင့်ပိုင်ရှင့်သည် အစိုးရဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အိဟေမာ

1 comment:

  1. If you're trying to lose kilograms then you certainly have to jump on this brand new custom keto diet.

    To design this keto diet, licensed nutritionists, personal trainers, and professional cooks have joined together to develop keto meal plans that are efficient, suitable, money-efficient, and satisfying.

    Since their launch in January 2019, 100's of individuals have already transformed their body and health with the benefits a great keto diet can give.

    Speaking of benefits; in this link, you'll discover eight scientifically-tested ones provided by the keto diet.

    ReplyDelete

My Blog List