Thursday, February 27, 2020

ကာကွယ်ရေးဦးစီးချုပ်ကိုပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ပြဌာန်းချက်များကို မူလအတိုင်းထားရှိရေး၊ပုဒ်မ ၅၉ စကို မဖျက်ရေး၊၂၅ရာခိုင်နှုန်းတပ်ကိုယ်စားလှယ်များကို မဖယ်ထုတ်ရေး တပ်ကိုယ်စားလှယ်များအလေးထားဆွေးနွေး

Image may contain: 13 people, people sitting

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကာကွယ်ရေးဦးစီးချုပ်ထံပေးအပ်ထားသော ပြည်ထောင်စုဝန်ကြီး၃ဦးအမည်စာရင်းတင်သွင်းခွင့်အချက်အပါအဝင် လွှတ်တော်ထဲ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းထားရေး စရှိသည့် အချက်များကို မပယ်ဖျက်ဘဲ မူလအတိုင်းသာ ထားရှိရန် တပ်မတော်သားကိုယ်စားလှယ် ၇ ဦးတို့က ယနေ့ အလေးထားဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ယင်းအပြင် ပုဒ်မ ၅၉ (စ)ကို မပယ်ဖျက်ရေးပါ ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။
တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးချုပ်နေမျိုးအောင်၊ဗိုလ်မှူးကြီးကောင်းကျော်၊ဗိုလ်မှူးကြီးနိုင်ဦး၊ဗိုလ်မှူးချုပ်တင့်လွင်၊ဗိုလ်မှူးမိုးဟန်၊ဗိုလ်မှူးကျော်မင်းထွန်း၊ဗိုလ်မှူးကြီးစိုးမိုးအောင်တို့ ယနေ့ ဆွေးနွေးခဲ့မှုများအရ သိရှိရခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်နေမျိုးအောင်က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြီးအကဲဖြစ်သည်ကို မူလအတိုင်းထားရှိသင့်ပါတယ်”ဟု ပြောသည်။
တပ်မတော်သည် အမျိုးသားအင်အားစုကြီးတစ်ခုဖြစ်ပြီး၊နိုင်ငံနှင့်ပြည်သူအပေါ်သစ္စာစောင့်သိကာ၊အစဉ်အလာကောင်းသည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံခြင်းဖြင့် တစ်သွေးတစ်သံတစ်မိန့်ထဲ ဖြစ်ရန်လိုသည်ဟု ဗိုလ်မှူးချုပ်ကပြောသည်။
ဗိုလ်မှူးကြီးကောင်းကျော်ကလည်း တပ်ချုပ်ကို လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြီးအကဲကို မူလအတိုင်းထားရန်ပြောကာ နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသည့် ပုဒ်မ ပယါဖျက်ခြင်းအပေါ် ကန့်ကွက်စကားဆိုခဲ့သည်။
ဗိုလ်မှူးကြီးနိုင်ဦးက အရေးပေါ်ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်လုပ်ဆောင်ရမည့် ပုဒ်မများကို မဖျက်ရန် ဆွေးနွေးသွားသည်။
ယင်းအပြင် ပါတီစုံဒီမိုကရေစီရှေ့တွင် ထည့်ထားသော စည်းကမ်းပြည့်ဝသော စာသားအား ပယ်ဖျက်ရန်စီစဉ်ခြင်းကိုလည်း“ညီညာနေသည့် ကြမ်းကို အကွပ်မဲ့စေသည်”ဟု ပမာပြုပြောဆိုခဲ့သည်။
ဗိုလ်မှူးချုပ်တင့်လွင်က အလုပ်လုပ်လိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံဖို့လိုမည်ဆိုလျှင် သမ္မတ လုပ်လိုသူကလည်း သတ်မှတ်ထားသည့် အရည်အချင်းရှိရန် လိုသည်ဟု ပြောပြီး ပုဒ်မ ၅၉ (စ) မဖျက်ရန် ပြောဆိုခဲ့သည်။
ပုဒ်မ ၅၉ (စ)သည် အချုပ်အခြာအာဏာခိုင်မြဲရေးအတွက် ပြဌာန်းချက်ဟု ပြောသည်။
ဗိုလ်မှူးမိုးဟန်ကလည်း ပုဒ်မ ၅၉ (စ) မဖျက်ရေးဆွေးနွေးခဲ့သည်။
စစ်ရေးအမြင်အစား လုံခြုံရေးအမြင် ရှိရမည်ဟု ပြင်ဆင်မည့်အပေါ် ဗိုလ်မှူးကျော်မင်းထွန်းက ယခင် ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဟု ပြင်ဆင်ထားမှုပင် မပြီးပြတ်သေးရာ လုံခြုံရေးဟု ထပ်ပြင်မှုသည် ပထမအကြိမ်လွှတ်တော်ကို မလေးစားရာရောက်သည်ဟု ပြောဆိုသည်။
ဗိုလ်မှူးကြီးစိုးမိုးအောင်က လွှတ်တော်ထဲ တပ်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းထားသင့်သေးပြီး လက်တွဲဖြုတ်လိုက်လျှင် အနာဂတ်တွင် အခက်အခဲတွေ့နိုင်သည်ဟု ပြောဆိုဆွေးနွေးသွားခဲ့သည်။
Image may contain: text that says 'မူလအတိုင်းထားရှိရေး ၅၉ (စ)ကို မဖျက်ရေး၊ ၂၅ ရာခိုင်နှုန်း တပ်ကိုယ်စားလှယ်များ မဖယ်ထုတ်ရေး တပ်ကိုယ်စားလှယ်များ အလေးထားဆွေးနွေး'
ကိုမင်း/Myanmar Harp

1 comment:

  1. Did you know there is a 12 word phrase you can tell your crush... that will induce intense emotions of love and instinctual attractiveness for you deep within his chest?

    Because hidden in these 12 words is a "secret signal" that fuels a man's impulse to love, admire and guard you with all his heart...

    12 Words Who Fuel A Man's Love Response

    This impulse is so built-in to a man's mind that it will drive him to work harder than before to love and admire you.

    As a matter of fact, triggering this all-powerful impulse is so mandatory to achieving the best possible relationship with your man that the moment you send your man a "Secret Signal"...

    ...You'll immediately notice him expose his mind and soul to you in such a way he never experienced before and he will see you as the one and only woman in the galaxy who has ever truly attracted him.

    ReplyDelete

My Blog List