Thursday, February 27, 2020

ဦးထွန်းထွန်းဟိန်တင်သွင်းသည့် ဥပဒေကြမ်းနှစ်ခုမှာ Package ဖြစ်နေပြီး တိုင်းရင်းသားများ၏ ဆန္ဒရော ကျေကျေ နပ်နပ်ပါရဲ့လားဟု ဦးစိုးသိန်း မေးခွန်းထုတ်


Image may contain: 3 people, text
ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသား လွှတ်တော်က ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ဒုတိယနာယက ဦးထွန်းထွန်းဟိန်တင်သွင်းသည့် ဥပဒေ ကြမ်းနှစ်ခုကို သုံးသပ်ပါက Package ဖြစ်နေပြီး တိုင်းရင်းသားများ၏ ဆန္ဒရော ကျေကျေနပ်နပ် ပါရဲ့လားဟု မေးခွန်းထုတ်ခဲ့ဆွေးနွေးပြောကြားခဲ့သည်။
“တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက တင်သွင်းတဲ့ ဥပဒေ ၅ ခု ရှင်းပါတယ်။ ကျန်ဦးထွန်းထွန်းဟိဏ်က တင်သွင်းတဲ့ ဥပဒေကြမ်း ၂ ခုကို သုံးသပ်ရင် ပက်ကေ့ချ်တွေဖြစ်နေပါတယ်။ ပထမသိချင်တဲ့အချက်က ၃၇၆၅ ချက်ကနေ ၁၁၄ ချက် ဘယ်လိုဖြစ်လာသလဲ ဘယ်သူရွေးချယ်သလဲ။ တိုင်းရင်းသားတွေရဲ့ ဆန္ဒရော ကျေကျေနပ်နပ်ပါရဲ့လား ဒါအခြေခံဥပဒေမူကြမ်းကို ဒီလိုလုပ်တာ လွှတ်တော်ရဲ့သမိုင်းပဲဖြစ်မယ်” ဟု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၎င်းက “ယခုဥပဒေကြမ်းမှာ ဘယ်မဲ သမ္မတရဲ့ ဗီတို၊ ဘယ်မလဲ အမတ်အရေအတွက်နည်းတဲ့ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ ဗီတို၊ ဘယ်မလဲ ဖက်ဒရယ်အုပ်ချုပ်ရေး၊ ဘယ်မလဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဘယ်မလဲ မြူနီစပါယ် အုပ်ချုပ်ရေး၊ ဘယ်မလဲ Resource Sharing၊ ဘယ်မလဲ သာသနာ့ဝန်ထမ်းတွေမဲပေးခွင့် ဝန်ထမ်းကို ပါတီနိုင်ငံရေး လုပ်ခွင့်ပြုရင် ကြီးမားတဲ့အကျိုးဆက်တွေ တွေ့ကြုံရမယ်ဆိုတာ စဉ်းစားသင့်ပါတယ်။ နိုင်ငံအလံပြောင်းတာ အရေးကြီးပါသလား။ နောင် ပအို့၊ လီဆူ၊ ဝရမ်၊ ဝ၊ ကိုးကန့်ပြည်နယ်တွေ တိုးတက်လာရင်လည်း ဘယ်လိုစဉ်းစားမလဲ။ တကယ်တော့ ချက်ခြင်းလိုအပ်တာက ဖက်ဒရယ်ဒီမိုကရေစီပါ။ တကယ်တော့ ချက်ခြင်းလိုအပ်တာက ဖက်ဒရယ်ဒီမိုကရေစီပါ။ ဒါက တိုင်းရင်းသားအားလုံးရဲ့ hope ပဲ။ ဒါအရေးကြီးဆုံးပဲလို့ ကျွန်တော် ခံယူပါတယ်။ တွေ့ရတာက တစ်အုပ်လုံး အသစ်ရေးဆွဲထားသလို ဖြစ်နေပါတယ်။ အရေးကြီးတာရော အရေးမကြီးတာရော ရောပြွန်းနေတဲ့အတွက်ကြောင့် ကျွန်တော်ကန့်ကွက်ရခြင်းဖြစ်ပါတယ်” ပြောသည်။

အဆိုပါ ဆွေးနွေးမှုနှင့်ပတ်သက်၍ NLD လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်နာယကထံ ကန့်ကွက်ခဲ့ပြီး ၎င်း၏ ဆွေးနွေးချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသည့် စကားရပ်များ ပါနေသဖြင့် အရေး ယူပေးရေး တောင်းဆိုခဲ့သည်။
“ ဦးစိုးသိန်းဆွေးနွေးသွားတဲ့အထဲမှာ ဦးထွန်းထွန်းဟိန်က ၃၇၆၅ ချက်ထဲကနေ ၁၄၁ ချက် ဖြစ်လာတာဟာ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒရော ပါရဲ့လားဆိုတာဟာ ကျွန်တော်တို့ နည်းဥပဒေ ၁၉(ခ) မှာပါတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အချင်းချင်းရိုင်းပင်းကူညီရေးနဲ့ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်ပျက်ပြားစေတဲ့ စကားတွေကို မပြောရဘူးဆိုပြီးတော့မှ နည်းဥပဒေမှာ ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဘယ်မလဲ၊ ဘာတွေလုပ်နေလဲ၊ ကြည့်ရတာက ဖက်ဒရယ်ရော သွားရောသွားနိုင်ပါ့မလားဆိုတဲ့ စကားရပ်တွေဟာလည်း နည်းဥပဒေ ၁၃၈ မှာ ပါရှိတဲ့အတိုင်း ဥပဒေကြမ်းမှာပါတဲ့ ကိစ္စရပ်များမှအပ အခြားမည်သည့်ကိစ္စရပ်များကို ထည့်သွင်းမဆွေးနွေးရဆိုတဲ့ ဒီအချက်အလက်တွေနဲ့ ငြိစွန်းနေတဲ့အတွက်ကြောင့်ကို နည်းဥပဒေ ၂၀(က) (ခ) အရ အရေးယူပေးဖို့ တင်ပြအပ်ပါတယ်” ဟု အရေးယူပေး ရန် ကန့်ကွက်တောင်းဆိုလိုက်သည်။
ထို့အတွက် လွှတ်တော်နာယက “တစ်ဖက်က ကန့်ကွက်လာတဲ့အချိန်မှာ မိမိတို့အနေနဲ့ လုံးကောက်ကို ပြန်ကြည့်ပေးပါမယ်။ လုံးကောက်ကြည့်ပြီးမှ မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်ပေးပါမယ် ” ဟု ပြန်လည်ပြောကြား ခဲ့သည်။
သို့ရာတွင် ၎င်း၏ ဆွေးနွေးချက်များကို ကန့်ကွက်ခဲ့သည့်အတွက် ဦးစိုးသိန်းက မတ်တပ်ရပ်ဆန့်ကျင်နေမှုကြောင့် လွှတ်တော် နာယက “လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးချက်တွေလည်း မှတ်တမ်းတင်ထားပါတယ်။ အဲဒီထဲမှ တစ်ဖက်ကနေပြီး ကန့်ကွက်လာတဲ့အတွက် လုံးကောက်ပြန်ကြည့်ပီးမှ မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ဆောင်ရွက်ပေးပါ့မယ်” ဟု ထပ်မံ ဖြေရှင်းပေးခဲ့သည်။
သို့သော်လည်း ဦးစိုးသိန်းက ထပ်မံမတ်တပ်ရပ်မြဲတိုင်းရပ်နေသဖြင့် “ဥပဒေအရ ကျွန်တော်ပြောနေတာပါ။ အားလုံးဟာ တန်းတူအခွင့်အရေး ရှိပါတယ်။ အားလုံး စိတ်ရှည်လက်ရှည်နဲ့ ရှေ့တိုးနိုင်ဖို့ အားလုံးဆွေးနွေး နေတဲ့ အနေအထားမျိုးမှာ ဒီလိုမကွပ်ကဲရင် ဘယ်လိုကွပ်ကဲမလဲ” ဟု ပြောကြားကာ ဦးစိုးသိန်းကို ထိုင်စေခဲ့ရကြောင်း သိရသည်။
ပန်ပန်/ Myanmar Harp

No comments:

Post a Comment

My Blog List