Thursday, February 27, 2020

ပါတီကြီးနှစ်ခုကို ရင်ဆိုင်ရန် စုပေါင်းအင်အားလိုအပ်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌပြော


Image may contain: 1 person
လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ပါတီကြီးနှစ်ခုကို ရင်ဆိုင်ရန် စုပေါင်းအင်အားလိုအပ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျက စံတော်ချိန်သို့ ပြောသည်။
"အန်ကယ်တို့က တတိယအင်အားစုဖြစ်တော့ ပထမတုန်းက ပြည်ခိုင်ဖြိုး၊ ဒုတိယကျတော့ အန်အယ်လ်ဒီဆိုတော့ ဒါက အင်အားကြီးပါတီတွေ ဖြစ်တယ်။ သို့သော်လည်းပဲ အန်ကယ်တို့က ပိုပြီးတော့ ပါတီကြီးနှစ်ခုကို ရင်ဆိုင်နိုင်ဖို့ဆိုရင် စုပေါင်းအင်အားလိုတယ်။ ဘယ်လိုလုပ်မယ်ဆိုတာတော့ ပါတီမှာ ရှိသူတွေ ပြန်ပြီး ညှိနှိုင်းရမှာပေါ့။ခုချိန်မှာတော့ ပြောဖို့ စောနေသေးတယ်"ဟု ဦးကျော်ဇေယျက ပြောသည်။

စုပေါင်းအင်အားအတွက် အခြားပါတီများနှင့် ပေါင်းစည်းရန် လိုအပ်ပါက ပေါင်းစည်းရမည်ဟု ၎င်းက ပြောသည်။

" ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်ပါဘူး။ တိုင်းရင်းသားပါတီတွေနဲ့လည်း ပေါင်းသင့်ရင်တော့ ပေါင်းရမယ်လေ။၂၀၁၅တုန်းကတော့ အာဏာရှင်စနစ်ကို တော်လှန်မယ်ပေါ့။ လူတိုင်းက ပြောင်းလဲချင်တယ်ဆိုတာနဲ့ လုပ်ခဲ့တာပေါ့။ ၂၀၂၀မှာတော့ ပုံစံက ပြောင်းသွားနိုင်တယ်။ နိုင်ငံရေးအသိနဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြဖို့ အတော်လုပ်ရဦးမယ်"ဟု ဦးကျော်ဇေယျက ပြောသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင်လည်း မဲပေးသည့် ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

"ဘေးကကြည့်တဲ့ လူတစ်ယောက်အနေနဲ့ကတော့ ရန်ကုန်အနေအထားကိုကြည့်ရင် ကြားဖြတ်ရွေးကောက်တွေလုပ်ခဲ့တယ်။ စည်ပင်ရွေးကောက်ပွဲတွေ လုပ်ခဲ့တယ်။ မဲပေးတဲ့အနေအထားက သိပ်နည်းတယ်။ မဲရုံကို မဲပေးသူတွေ အရင်လာအောင်တော့ လုပ်ရမယ်"ဟု ဦးကျော်ဇေယျကပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လက်ရှိတွင် မြေပြင်သုတေသန တွေ့ရှိချက်နှင့် ပြည်သူလူထုအကြား အခြေအနေကို လေ့လာ၍ မူဝါဒရေးဆွဲနေကြောင်း၊ လာမည့် မေလတွင် အပြီးသတ်ရေးဆွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ- မင်းဟိန်း/စံတော်ချိန်

(Zawgyi Version)
ပါတီကြီးနှစ်ခုကို ရင်ဆိုင်ရန် စုပေါင်းအင်အားလိုအပ်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌပြော

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ပါတီကြီးနှစ်ခုကို ရင်ဆိုင်ရန် စုပေါင်းအင်အားလိုအပ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျက စံတော်ချိန်သို့ ပြောသည်။

"အန်ကယ်တို့က တတိယအင်အားစုဖြစ်နေတော့ ပထမတုန်းက ပြည်ခိုင်ဖြိုး၊ ဒုတိယကျတော့ အန်အယ်လ်ဒီဆိုတော့ ဒါက အင်အားကြီးပါတီတွေ ဖြစ်တယ်။ သို့သော်လည်းပဲ အန်ကယ်တို့က ပိုပြီးတော့ ပါတီကြီးနှစ်ခုကို ရင်ဆိုင်နိုင်ဖို့ဆိုရင် စုပေါင်းအင်အားလိုတယ်။ ဘယ်လိုလုပ်မယ်ဆိုတာတော့ ပါတီမှာ ရှိသူတွေ ပြန်ပြီး ညှိနှိုင်းရမှာပေါ့။ခုချိန်မှာတော့ ပြောဖို့ စောနေသေးတယ်"ဟု ဦးကျော်ဇေယျက ပြောသည်။

စုပေါင်းအင်အားအတွက် အခြားပါတီများနှင့် ပေါင်းစည်းရန် လိုအပ်ပါက ပေါင်းစည်းရမည်ဟု ၎င်းက ပြောသည်။

" ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်ပါဘူး။ တိုင်းရင်းသားပါတီတွေနဲ့လည်း ပေါင်းသင့်ရင်တော့ ပေါင်းရမယ်လေ။၂၀၁၅တုန်းကတော့ အာဏာရှင်စနစ်ကို တော်လှန်မယ်ပေါ့။ လူတိုင်းက ပြောင်းလဲချင်တယ်ဆိုတာနဲ့ လုပ်ခဲ့တာပေါ့။ ၂၀၂၀မှာတော့ ပုံစံက ပြောင်းသွားနိုင်တယ်။ နိုင်ငံရေးအသိနဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြဖို့ အတော်လုပ်ရဦးမယ်"ဟု ဦးကျော်ဇေယျက ပြောသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင်လည်း မဲပေးသည့် ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

"ဘေးကကြည့်တဲ့ လူတစ်ယောက်အနေနဲ့ကတော့ ရန်ကုန်အနေအထားကိုကြည့်ရင် ကြားဖြတ်ရွေးကောက်တွေလုပ်ခဲ့တယ်။ စည်ပင်ရွေးကောက်ပွဲတွေ လုပ်ခဲ့တယ်။ မဲပေးတဲ့အနေအထားက သိပ်နည်းတယ်။ မဲရုံကို မဲပေးသူတွေ အရင်လာအောင်တော့ လုပ်ရမယ်"ဟု ဦးကျော်ဇေယျကပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လက်ရှိတွင် မြေပြင်သုတေသန တွေ့ရှိချက်နှင့် ပြည်သူလူထုအကြား အခြေအနေကို လေ့လာ၍ မူဝါဒရေးဆွဲနေကြောင်း၊ လာမည့် မေလတွင် အပြီးသတ်ရေးဆွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - မင်းဟိန်း/စံတော်ချိန်

1 comment:

  1. Do this hack to drop 2 lbs of fat in 8 hours

    At least 160 000 women and men are losing weight with a easy and secret "liquids hack" to burn 2lbs every night in their sleep.

    It is easy and works with everybody.

    You can do it yourself by following these easy steps:

    1) Take a drinking glass and fill it half the way

    2) Proceed to do this weight losing HACK

    and be 2lbs thinner the next day!

    ReplyDelete

My Blog List