Thursday, February 27, 2020

တိုင်းတစ်ပါးလွှမ်းမိုးမှာကို စိုးရိမ်၍ ပုဒ်မ၅၉စ ထည့်ခြင်းမဖြစ်သင့်ဘဲ တော်လျှင်တိုင်းတစ်ပါးကိုပင်ခိုင်းစား၍ရကြောင်းသိစေချင်

Image may contain: 1 person

ပုဒ်မ ၅၉ စ သည် ယနေ့ခေတ်ယနေ့အခါအရ လိုအပ်သည့် ဥပဒေပုဒ်မ မဟုတ်တော့သည့်အတွက် ပယ်ဖျက်သင့်ကြောင်းနှင့် တိုင်းတစ်ပါးလွှမ်းမိုးမှာကို စိုးရိမ်၍ ပုဒ်မ၅၉စ ထည့်ခြင်းမဖြစ်သင့်ကြောင်း မွန်ပြည်နယ် ပေါင်းမဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက ပြောသည်။

ယင်းအပြင် သမ္မတဖြစ်မည့်သူသည် စစ်ရေးအမြင်ရှိရန် လိုသည်အစား လုံခြုံရေးအမြင် ရှိရမည်ဟု ပြင်ဆင်မှုအပေါ်လည်း ထောက်ခံပါကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။
ခြေဥပြင်ဆင်ရေးဆွေးနွေးစဉ် ဒေါ်မိကွန်ချမ်းက ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၅၉ စ ကို ဦးထွန်းထွန်းဟိန်ခေါင်းဆောင်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီက ဥပဒေကြမ်းထဲ ပယ်ဖျက်ရန် အဆိုပြုတင်သွင်းထားသည်။
ထို့အပြင် သမ္မတဖြစ်မည့်သူတွင် စစ်ရေးအမြင်ရှိရမည့်အစား လုံခြုံရေးအမြင်သာရှိရန်လိုသည်ဟုလည်း ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့က ပြင်ဆင်ထားသည်။
ယင်းအပေါ်သူမက ထောက်ခံလိုက်ခြင်းဖြစ်သည်။
ဒေါ်မိကွန်ချမ်းက အမေရိကန်နိုင်ငံ၏ သမ္မတရွေးချယ်ရေးကို ဥပမာပြုခဲ့သည်ကိုလည်းတွေ့ရသည်။
အမေရိကန်၏ သမ္မတဖြစ်မည့်သူသည် “မွေးရာပါ နိုင်ငံသားဖြစ်ရမယ်။အသက် ၃၅နှစ်ပြည့်ရမယ်။အမေရိကန်မှာ ၁၄နှစ်ပြည့်အောင် နေထိုင်ရမယ်ဆိုတဲ့ ရိုးရှင်းတဲ့ သတ်မှတ်ချက်တွေထားထားတာတွေ့ရမှာဖြစ်ပါတယ်”ဟု လွှတ်တော်ကိုပြောသည်။
သားစဉ်မြေးဆက် နိုင်ငံကို အုပ်ချုပ်မည်ဆိုလျှင် ပုဒ်မ ၅၉ စကလိုမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏
သမ္မတသက်တမ်းသည် ၅နှစ်အထိပဲ ရှိမည်ဖြစ်ကြောင်းကို သိရှိထားရန်လိုကြောင်းပါ ဒေါ်မိကွန်ချမ်းက ဆက်ပြောသည်။

ယင်းအပြင်သူမက တိုင်းတစ်ပါးလွှမ်းမိုးမှာကို စိုးရိမ်၍ ပုဒ်မ၅၉စ ထည့်ခြင်းမဖြစ်သင့်ကာညံ့လျှင်သာ တိုင်းတစ်ပါးကလွှမ်းမိုးလိမ့်မည်ဖြစ်ပြီး တော်လျှင်တိုင်တစ်ပါးကိုပင်ခိုင်းစား၍ရကြောင်းလည်းပြောဆိုသည်။
ဆက်၍ သမ္မတနှင့်ဝန်ကြီးများအသက် လျှော့ချပြင်ဆင်မှုကို ထောက်ခံခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်ထမ်းဆောင်စဉ် အသက်သာ ၃၀ကျော်လေးသာရှိကြောင်း၊
နိုင်ငံတကာတွင်လည်း သမ္မတထမ်းဆောင်မည့်သူ၏ အသက် ကိုလျှော့ချနေကြောင်းလည်း ပြောဆိုခဲ့သည်။
သမ္မတလုပ်မည့်သူတွင် စစ်ရေးအမြင်ထက် လုံခြုံရေးအမြင်သာရှိရန်လိုကြောင်းကို ဒေါ်မိကွန်ချမ်းက
“စစ်မက်ဖြစ်လာရင် သမ္မတက စစ်မြေပြင်သွားတိုက်စရာမလိုဘဲ စစ်တိုက်ရမှာက ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပါတယ်”ဟု ပြောသည်။

အမေရိကန်သမ္မတ သည် ကြည်း၊ရေ၊တပ်များ၏ စစ်ဦးစီးချုပ်ဖြစ်သည်ကိုလည်း ထောက်ပြခဲ့သည်။
No photo description available.
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List