Friday, February 28, 2020

သိပ်လွန်လာပါက တရားစွဲဆို၍ ရသည်အထိ ပြည်ထောင်စုလွှတ်တော်နာယက တွင်လုပ်ပိုင်ခွင့်ရှိသည်ကို သိရှိထားကြဖို့ ကိုယ်စားလှယ်များကို သတိပေး တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်သိက္ခာချသည့်ဆွေးနွေးချက်မျိုးမပါစေဖို့ အနူးအညွှတ်ပါတောင်းပန် ခဲ့


Image may contain: 1 person
သိပ်လွန်လာပါက တရားစွဲဆို၍ ရသည်အထိ ပြည်ထောင်စုလွှတ်တော်နာယကတွင် လုပ်ပိုင်ခွင့်ရှိသည်ကို သိရှိထားကြဖို့ ကိုယ်စားလှယ်များကို နာယကဦးတီခွန်မြတ်က သတိပေးစကားဆိုလိုက်သည်။
ယနေ့ လွှတ်တော်အစည်းအဝေး ပြီးဆုံးရန် မိနစ်ပိုင်းအလိုတွင် အထက်ပါအတိုင်းပြောဆိုသတိပေးလိုက်ခြင်းဖြစ်သည်။

ဧရာဝတီမဲဆန္ဒနယ် အမှတ်၇မှ ဒေါက်တာပြည့်ဖြိုးဆွေးနွေးအပြီး တပ်ကိုယ်စားလှယ် ၂ဦးထပြီး ကိုယ်စားလှယ်အချို့ဆွေးနွေးချက်များထဲမှ ဗီတိုအာဏာစကားလုံးအပါအဝင် အခြားစကားရပ်များ အပေါ် ကန့်ကွက်အပြီး နာယက ကပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“နာယကအနေနဲ့ စီမံခန့်ခွဲခွင့်အရ အရေးယူလို့ရပါတယ်။သူ့အဆင့်အလိုက်ရှိပါတယ်။သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုတဲ့ အဆင့်အထိ အရေးယူနိုင်တဲ့ အနေအထားမျိုးရှိပါတယ်”ဟု နာယက ကပြောသည်။

ထိုအခြေအနေမျိုးကို ၎င်းအနေဖြင့် မလိုလားကြောင်းလည်း ဆက်ပြောခဲ့သည်။

ယင်းအပြင် မိမိ၏ စိတ်ဆန္ဒတစ်ခုထဲကိုပဲ ဦးတည်ဆွေးနွေး၍မရကြောင်းပါ ပြောဆိုခဲ့သည်။

“အားလုံးက တိုင်းပြည်အတွက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်တဲ့အချိန်မှာ စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ အမြင်မတူပေမယ့်။အမြင်ကွဲပြားပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်သိက္ခာချတဲ့ဟာမျိုးအပါစေဖို့ အနူးအညွှတ်ပါတောင်းပန်ပါတယ်”ဟု ဦးတီခွန်မြတ်က ပြောသည်။

အစီအစဉ်အစပိုင်းကလည်း မဆိုင်သည်များကို ဆွေးနွေးပါက မှတ်တမ်းမှ ၎င်းကိုယ်တိုင် နုတ်ပယ်မည်ဟုလည်း ပြောကြားခဲ့သေးသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List