Friday, February 28, 2020

မော်လမြိုင်မြို့ရှိ New Hollywood ဘီယာဆိုင် မီးလောင်မှုနှင့်ပတ်သက်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးကိုအမှုဖွင့်


Image may contain: one or more people and outdoor, text that says 'one NEWS'
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ ပါရမီလမ်းရှိ New Hollywood ဘီယာဆိုင် မီးလောင်မှုနဲ့ပတ် သက်ပြီး ဆိုင်ဝန်ထမ်းတစ်ယောက်ကို အမှုဖွင့်ထားတယ်လို့ မွန်ပြည်နယ်၊ မီးသတ်ဦးစီးမှူးရုံးက သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းကပြောပါတယ်။ 
ဖေဖော်ဝါရီ(၂၇)ရက် မနက်(၁၀)နာရီခွဲအချိန်က အဲဒီ New Hollywood ဘီယာဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ဖြစ်စဥ်မှာဆိုင်ရှိ KTV အဆောင်အဦအခန်းအတွင်းတပ်ဆင်ထားတဲ့ Exhaust Fan အပူလွန်ကဲရာကတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ဒီမီးလောင်မှုကို မော်လမြိုင်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဥ်(၂)စီး၊ ရေသယ်ယာဥ်(၂)စီး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဥ်(၂)စီး၊ ရေသယ်ယာဥ်(၂)စီး၊ မြိုင်သာယာနယ်မြေ မီးသတ်စခန်း က မီးငြှိမ်းသတ်ယာဥ်(၁)စီး၊ ရေသယ်ယာဥ်(၁)စီးနဲ့ မော်လမြိုင်နယ်မြေမီးသတ်စခန်းက မီငြှိမ်းသတ်ယာဥ်(၁)စီး၊ ရေသယ်ယာဥ်(၁)စီးတို့အပြင် သန္ဓေတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရာ မနက်(၁၀) နာရီ (၄၃) မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှုဖြစ်စဥ်ကြောင့် Sound Proof မျက်နှာကျက်ပြားအချပ်(၂၀)၊ Exhaust Fan(၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၆၈၀၀၀၀)ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။ 

မီးလောင်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး New Hollywood ဘီယာဆိုင်ရဲ့ အလုပ်သမားဖြစ်သူ ဦးဇင်ကိုမောင် ကိုဇေယျာသီရိ နယ်မြေ ရဲစခန်း က (ပ-၁၄၃/၂၀၂၀)၊ ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်လှစ်အရေးယူထားပါတယ်။ New Hollywood ဘီယာဆိုင် မီးလောင်မှုဟာ အခုတစ်ကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်ဖြစ်တယ်လို့လည်း မွန်ပြည်နယ်၊ မီးသတ်ဦးစီးမှူးရုံးက သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းကပြောပါတယ်။ 
Image may contain: one or more people and outdoor
Image may contain: 1 person, text that says 'one NEWS'
သတင်း-ဗထူး

One News Myanmar

1 comment:

  1. Your Affiliate Money Printing Machine is ready -

    Plus, getting it running is as simple as 1, 2, 3!

    It's super easy how it works...

    STEP 1. Input into the system what affiliate products you want to push
    STEP 2. Add some PUSH BUTTON TRAFFIC (it takes JUST 2 minutes)
    STEP 3. See how the affiliate products system explode your list and sell your affiliate products all for you!

    Do you want to start making money?

    Click here to activate the system

    ReplyDelete

My Blog List