Monday, February 24, 2020

Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှ ရောဂါကင်းရှင်းချက်ရရှိပြီး ဆင်းသက်ခဲ့သည့် ဂျပန်အမျိုးသမီး ၁ ဦး ရောဂါပိုးတွေ့ရှိ


Image may contain: sky and outdoor
ခရီးသည် ၂၃ ဦးကို သေသေချာချာ စစ်ဆေးမှုမလုပ်ဘဲ ကမ်းဆင်းခွင့်ပေးခဲ့တဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီး Katsunobu က တောင်းပန်ပါတယ်။သင်္ဘောပေါ်ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကမ်းဆင်းခွင့်ပေးခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ သူ့နေအိမ်ကို ရထားနဲ့ ပြန်လာခဲ့ပြီးတဲ့နောက် သောကြာနေ့တုန်းက ကိုယ်အပူချိန်တက်ပြီး စနေနေ့ကျတော့ သူ့မှာ ကိုရိုနာရောဂါပိုး ရှိနေတာကို စမ်းသပ်တွေ့ရတယ်လို့ ဒေသတာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။

ဒါဟာဆိုရင် Diamond Princess သင်္ဘောပေါ်ကနေ ကမ်းဆင်းခွင့် ရခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်ဆိုတာ တွေ့ရတဲ့ ပထမဆုံးခရီးသည် ဖြစ်ပါတယ်။ဒါကြောင့် ဒီသင်္ဘောကို သီးခြားခွဲထားတာ ထိရောက်မှုရှိရဲ့လား ဆိုတာကို ရောဂါဗေဒ ကျွမ်းကျင်သူတွေနဲ့ ဒေသတာဝန်ရှိသူတွေ မေးခွန်းထုတ်နေကြပါတယ်။

Kobe တက္ကသိုလ် ပါမောက္ခတဦးကတော့ သင်္ဘောပေါ်ကလူတွေကို သီးခြားခွဲထုတ်ထားတာ အခြေအနေ တိုးတက်မှု ရှိလာပေမယ့်လို့ သင်္ဘောပေါ်က ဆင်းခွင့်ပေးလိုက်တဲ့ သူတွေကိုလည်း အခြားသူတွေနဲ့ မထိမတွေ့အောင် နောက်ထပ် အနည်းဆုံး ၁၄ ရက် ခွဲထုတ်ထားသင့်တယ်လို့ အကြံပြုပါတယ်။သင်္ဘောကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ကမ်းကပ်ခွင့်မပေးဘဲ သီးခြားစောင့်ကြည့်ခဲ့ပြီး အဲဒီသင်္ဘောပေါ်ပါတဲ့ ခရီးသည်တွေထဲက ရောဂါပိုးမတွေ့တဲ့ ခရီးသည် ၉၇၀ ထက်မနည်းကို ဗုဒ္ဓဟူးနေ့က ကမ်းဆင်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
Ref-VOA 
>>Zawgyi<<
Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှ ရောဂါကင်းရှင်းချက်ရရှိပြီး ဆင်းသက်ခဲ့သည့် ဂျပန်အမျိုးသမီး ၁ ဦး ရောဂါပိုးတွေ့ရှိ
Monday , February 24 , 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်ကမ်းခြေမှာ သီးခြား စောင့်ကြည့်ခံနေရတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်ကနေ ရောဂါပိုး မတွေ့ရတာကြောင့် ကမ်းဆင်းခွင့်ပေးလိုက်တဲ့ အမျိုးသမီးဆီမှာ နောက်ပိုင်းကျတော့ ရောဂါပိုးရှိနေတယ်ဆိုတာ တွေ့ရတဲ့အကြောင်း ဂျပန်နိုင်ငံက အတည်ပြုပါတယ်။ဒါကြောင့် ရောဂါမဖြစ်အောင် သီးခြားခွဲထုတ်ထားတဲ့ လုပ် ငန်းစဉ်တွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ အတော်လေး သံသယဖြစ်လာကြပါတယ်။

ခရီးသည် ၂၃ ဦးကို သေသေချာချာ စစ်ဆေးမှုမလုပ်ဘဲ ကမ်းဆင်းခွင့်ပေးခဲ့တဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီး Katsunobu က တောင်းပန်ပါတယ်။သင်္ဘောပေါ်ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကမ်းဆင်းခွင့်ပေးခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ သူ့နေအိမ်ကို ရထားနဲ့ ပြန်လာခဲ့ပြီးတဲ့နောက် သောကြာနေ့တုန်းက ကိုယ်အပူချိန်တက်ပြီး စနေနေ့ကျတော့ သူ့မှာ ကိုရိုနာရောဂါပိုး ရှိနေတာကို စမ်းသပ်တွေ့ရတယ်လို့ ဒေသတာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။

ဒါဟာဆိုရင် Diamond Princess သင်္ဘောပေါ်ကနေ ကမ်းဆင်းခွင့် ရခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်ဆိုတာ တွေ့ရတဲ့ ပထမဆုံးခရီးသည် ဖြစ်ပါတယ်။ဒါကြောင့် ဒီသင်္ဘောကို သီးခြားခွဲထားတာ ထိရောက်မှုရှိရဲ့လား ဆိုတာကို ရောဂါဗေဒ ကျွမ်းကျင်သူတွေနဲ့ ဒေသတာဝန်ရှိသူတွေ မေးခွန်းထုတ်နေကြပါတယ်။

Kobe တက္ကသိုလ် ပါမောက္ခတဦးကတော့ သင်္ဘောပေါ်ကလူတွေကို သီးခြားခွဲထုတ်ထားတာ အခြေအနေ တိုးတက်မှု ရှိလာပေမယ့်လို့ သင်္ဘောပေါ်က ဆင်းခွင့်ပေးလိုက်တဲ့ သူတွေကိုလည်း အခြားသူတွေနဲ့ မထိမတွေ့အောင် နောက်ထပ် အနည်းဆုံး ၁၄ ရက် ခွဲထုတ်ထားသင့်တယ်လို့ အကြံပြုပါတယ်။သင်္ဘောကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ကမ်းကပ်ခွင့်မပေးဘဲ သီးခြားစောင့်ကြည့်ခဲ့ပြီး အဲဒီသင်္ဘောပေါ်ပါတဲ့ ခရီးသည်တွေထဲက ရောဂါပိုးမတွေ့တဲ့ ခရီးသည် ၉၇၀ ထက်မနည်းကို ဗုဒ္ဓဟူးနေ့က ကမ်းဆင်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
Ref-VOA 

No comments:

Post a Comment

My Blog List