Monday, February 24, 2020

CORONAVIRUS DISEASE (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှင့် ပတ်သက်၍ ပြည်သူများထံ ပန်ကြားခြင်း


No photo description available.
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားမြင့်မားနေပါသည်။
• COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့မှု (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံများသို့ လတ်တလောသွားရောက်ခဲ့သော ခရီးသွားရာဇဝင်စသည့် သိသာထင်ရှားသော အထောက်အထားများ မတွေ့ရှိရသူများတွင် ရောဂါကူးစက် ဖြစ်ပွားမှုများကို နိုင်ငံအချို့တွင် တွေ့ရှိနေရပါသည်။

• လူစုလူဝေးများပြားသော နေရာများတွင် COVID-19 ရောဂါဖြစ်ပွားသူ (သို့မဟုတ်) ရောဂါလက္ခဏာ မပြသသေးသော်လည်းရောဂါရှိသူတစ်ဦးထံမှ အခြားသူတစ်ဦးထံသို့ ရောဂါကူးစက် ပြန့်ပွားနိုင်ပါသည်။

မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် -

• ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များ ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါရန်၊

• အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန် နှင့်

• အကယ်၍ ထိုသို့ မဖြစ်မနေကျင်းပရပါက ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကို တိကျစွာစနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။
--- --- ---


CORONAVIRUS DISEASE (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှင့် ပတ်သက်၍ ပြည်သူများထံ ပန်ကြားခြင်း


မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးသော်လည်း -

• တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားမြင့်မားနေပါသည်။

• COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့မှု (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံများသို့ လတ်တလောသွားရောက်ခဲ့သော ခရီးသွားရာဇဝင်စသည့် သိသာထင်ရှားသော အထောက်အထားများ မတွေ့ရှိရသူများတွင် ရောဂါကူးစက် ဖြစ်ပွားမှုများကို နိုင်ငံအချို့တွင် တွေ့ရှိနေရပါသည်။

• လူစုလူဝေးများပြားသော နေရာများတွင် COVID-19 ရောဂါဖြစ်ပွားသူ (သို့မဟုတ်) ရောဂါလက္ခဏာ မပြသသေးသော်လည်းရောဂါရှိသူတစ်ဦးထံမှ အခြားသူတစ်ဦးထံသို့ ရောဂါကူးစက် ပြန့်ပွားနိုင်ပါသည်။

မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် -

• ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များ ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါရန်၊

• အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန် နှင့်

• အကယ်၍ ထိုသို့ မဖြစ်မနေကျင်းပရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကို တိကျစွာစနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။

1 comment:

  1. As stated by Stanford Medical, It's really the ONLY reason women in this country get to live 10 years longer and weigh an average of 19 kilos less than us.

    (And really, it has totally NOTHING to do with genetics or some secret diet and really, EVERYTHING to about "how" they are eating.)

    P.S, I said "HOW", and not "WHAT"...

    Click on this link to uncover if this quick quiz can help you decipher your real weight loss potential

    ReplyDelete

My Blog List