Thursday, February 27, 2020

ဝ အထူးဒေသတွင် လူလေးဦး လိုက်ပါနိုင်သည့် ရဟတ်ယာဉ် တစ်စီး အသုံးပြုမှု ရှိနေ

Image may contain: one or more people, sky, outdoor and nature
ဝ အထူးဒေသတွင် လူလေးဦး လိုက်ပါနိုင်မည့် ရဟတ်ယာဉ်တစ်စီးကို အသုံးပြုမှုရှိနေသည်မှာ မှန်ကန်ကြောင်း နှင့် ဝယ်လာသည်လား သို့မဟုတ် ငှားလာသည်လားဆိုခြင်းကို မသိရသေးကြောင်း UWSA ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦး ဖြစ်သည့် ဦးညီရန်းက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြည်မြန်မာသို့ ပြောသည်။

“ဒါကတော့ အရပ်သုံး အပျော်စီး ရဟတ်ယာဉ်လို့ သိရပါတယ်။ တွေ့ရတာတော့ ပုဂ္ဂလိက ပဲ သွားလာနေတာ တွေ့ရတယ်။ သုံးနေတာ တွေ့ရတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ နိုင်ငံတော်တော်များများက အရပ်ဘက်ကုမ္ပဏီတွေပဲ ဖြစ်ဖြစ် ကိုယ်ပိုင်သုံးစွဲနေတဲ့ အနေအထား ရှိတော့ ယူလာတယ်၊ ဝယ်လာတယ်ပဲ ဖြစ်ဖြစ် ဒါကတော့ ထူးထူးဆန်းဆန်းရယ်လို့ မဟုတ်ပါဘူး။ ဘာရည်ရွယ်ချက်မှလည်း မဟုတ်ပါဘူး” ဟု ၄င်းက ဆိုသည်။
အဆိုပါ ရဟတ်ယာဉ်မှာ ခရီးဝေးမသွားလာနိုင်သည့် ရဟတ်ယာဉ် ဖြစ်ကြောင်း၊ မြင်ဖူးတွေ့ဖူးသည် ရှိစေရန် အတွက် ယခုကဲ့သို့ ရဟတ်ယာဉ် ရောက်လာသည်မှာ ကောင်းသည်ဟု ပြောလိုကြောင်းလည်း ၄င်းက ဆိုသည်။
ပုဂ္ဂလိကပိုင် အနေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပါသလား ဟု ပြည်မြန်မာ က ထပ်မံ အတည်ပြု‌မေးမြန်းရာတွင် ဦးညီရန်းက “အဲ့ဒီလိုတော့ ကျွန်တော်လည်း မသိရဘူး။ သွားလာနေတာ စီးနေတာတော့ ပုဂ္ဂလိက တွေ ပေါ့နော်။ ကုမ္ပဏီတွေပဲ စီးနေကြတာ တွေ့ရတယ်” ဟု ဆိုသည်။
HAP
ဓာတ်ပုံ - Helicentre
ပုံစာ - လူလေးဦး လိုက်ပါနိုင်သည့် ရဟတ်ယာဉ်ငယ် တစ်စီး ကို တွေ့မြင်ရစဉ်

1 comment:

  1. Your Affiliate Money Printing Machine is ready -

    Plus, getting it running is as easy as 1--2--3!

    Here's how it works...

    STEP 1. Input into the system what affiliate products the system will advertise
    STEP 2. Add PUSH BUTTON traffic (it takes JUST 2 minutes)
    STEP 3. Watch the system grow your list and upsell your affiliate products on it's own!

    Are you ready???

    Click here to activate the system

    ReplyDelete

My Blog List